Main menu

Background

၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းနှစ်သောင်းကျော် တင်ပို့

Mon, 10/18/2021 - 15:09 -- journal_editor

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာ ၁ရက်မှ ၃၀ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၁၃၀ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်မှ ဆန်တန်ချိန် ၁၀တန် စုစုပေါင်းတန်ချိန် ၁၄၀ကျော်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း သုညဒသမ ၀၄၅ သန်းဖိုးတင်ပို့ခဲ့ကြောင်း သိရသည်။

 စက်တင်ဘာလတွင် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂၁.၈၈၇ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၅၂၀၀ကျော်တင်ပို့ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၅၀၀ ကျော်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၀၀ကျော်နှင့် အာဖရိကနိုင်ငံများ ဖြစ်သော အိုင်ဗရီကိုစ်သို့ တန်ချိန် ၂၇၅၀၀ခန့်နှင့် နယူးဂီနီ သို့ ဆန်တန်ချိန် ၅၀၀ ကျော်တင်ပို့ခဲ့သည်။

  ဆန်အများဆုံးတင်ပို့သည့်နိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံ သို့ တန်ချိန်၁၉၄၀၀ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၅၄၀၀ ကျော်ဖြစ်သည်။

   စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ကာလတွင် မြန်မာ-ထိုင်းနယ်စပ်မှ အမေရိကန် ဒေါ်လာ သုညဒသမ၁၂၆ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၅၀ ကျော် တင် ပို့ခဲ့ကြောင်း သိရသည်။

  စက်တင်ဘာလ ၁ရက်မှ ၃၀ရက်ထိကာလတွင် ပင်လယ်ရေကြောင်းမှ အမေရိ ကန်ဒေါ်လာ ၁၆ဒသမ ၆၆၆သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၄၇၀၀ကျော် တင်ပို့ခဲ့ ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ၁၈၉၀၀ကျော်၊ ဘဲလ်ဂျီယန် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၈၀၀ခန့် တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအများ ဆုံး ဖြစ် သော တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၈၂၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။

   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၆၅၃၀၀ကျော်နှင့်ဆန်ကွဲတန်ချိန် ၅၅၁၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။

   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အနီးစပ်ဆုံး သြဂုတ်လနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၂၅၀၀၀ ခန့် နှင့် ဆန်ကွဲတန်ချိန် ၄၁၀၀၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။