Main menu

Background

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင်ပြောင်းတန်ချိန် ငါးသောင်းကိုးထောင်ကျော်တင်ပို့

Mon, 10/18/2021 - 15:10 -- journal_editor

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ရက်မှ ၃၀ရက်ကာလတွင် မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းတန်ချိန် ၁၀၀ခန့်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတန်ချိန် ၅၅၃၀၀ကျော် စုစုပေါင်း တန်ချိန် ၅၅၄၀၀ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂.၇၄၄ သန်း တင်ပို့ခဲ့ကြောင်းသိရသည်။

သြဂုတ်လတွင်  ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁ဒသမ၁၆၆သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၄၄၀၀ခန့်တင်ပို့နိုင်ခဲ့ပါသည်။ တင်ပို့မှုများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ၄၁၆၀ကျော်၊ ထိုင်ဝမ်နိုင်ငံသို့ ၁၆၀ကျော်၊ စင်္ကာပူနိုင်ငံသို့တန်ချိန် ၄၀ကျော်နှင့် ထိုင်းနိုင်ငံသို့တန်ချိန် ၂၀ကျော်တင်ပို့ခဲ့သည်။

၂၀၂၁ခုနှစ် သြဂုတ်လတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅၉၈၀၀ခန့် တင်ပို့ခဲ့သည်။