Main menu

Background

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြောင်းတန်ချိန် တစ်သောင်းရှစ်ထောင်ကျော်တင်ပို့

Mon, 10/18/2021 - 15:11 -- journal_editor

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ရက်မှ ၃၀ရက်ကာလတွင် မြန်မာ-တရုတ် နယ်စပ်မှ ပြောင်းတန်ချိန် ၂၀၀၀ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတန်ချိန် ၂၈၉၀ခန့် စုစုပေါင်းတန်ချိန် ၄၉၀၀ကျော်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒသမ ၀၀၅သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 စက်တင်ဘာလတွင် ပင်လယ်ရေကြောင်းမှပြောင်းတင်ပို့မှုအနေဖြင့် ဖိလစ်ပိုင် နိုင်ငံသို့ ပြောင်းတန်ချိန် ၁၃၄၀၀နီးပါးနှင့် ထိုင်းနိုင်ငံသို့ ၁၇၀ခန့် စုစုပေါင်း ပြောင်း တင်ပို့မှုတန်ချိန် ၁၃၅၀၀ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ဒသမ၂၉၀သန်း ဖိုး တင်ပို့နိုင်ခဲ့ပါသည်။

  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပင်လယ် ရေကြောင်းမှ ပြောင်းတင်ပို့မှုတန်ချိန် ၁၈၄၀၀ကျော် တင်ပို့ခဲ့ပါသည်။

  ၂၀၂၁ ခုနှစ်၊ သြဂုတ်လနှင့်နှိုင်းယှဉ်ပါက ပြောင်းတင်ပို့မှုတန်ချိန် ၄၀၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါသည်။