Main menu

Background

ယခုအပတ်အတွင်းဘိလပ်မြေအဝင်လျော့နည်းလျက်ရှိ

Tue, 11/16/2021 - 13:29 -- journal_editor

နိုဝင်ဘာအတွင်းပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာသုညဒသမ၃၈၇ သန်းတန်ဖိုးရှိဘိလပ်မြေ၄,၉၅၄,၀၀၀တန်အားထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ယခင်အောက်တိုဘာကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုး အမေရိကန် ဒေါ်လာသုညဒသမ၀၅၃သန်းနှင့်  ၃၈၄,၂၂၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ 

နိုဝင်ဘာ၁ရက်မှ ၁၅ရက်အတွင်းနယ်စပ်ကုန်သွယ်မှုမှ  တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ၇၀၀ သန်းရှိပြီးတန်ချိန်အားဖြင့် ၄၇,၀၆၀,၂၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုအပတ်အတွင်းထိုင်းနိုင်ငံမှသာတင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်ကာလတူတင်သွင်းမှုအခြေအနေနှင့်နှိုင်းယှဉ်ပါကတန်ဖိုးအမေရိကန်ဒေါ်လာ၁ ဒသမ၆၁၂ သန်းနှင့် ၂၁,၀၈၇,၇၀၀ တန် လျော့နည်းကြောင်းသိရှိရသည်။

အိမ့်