ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုဝင်ဘာ၁ရက်မှ ၁၅ ရက်အတွင်းအမေရိကန်ဒေါ်လာသုညဒသမ၅၂၄ သန်းတန်ဖိုးရှိနို့မှုန့် ၁၃၉,၈၀၀ တန်အားတင်သွင်းခဲ့သည်။ ယခုအပတ် အတွင်းနယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၁၆,၈၀၀ နှင့် ပိုလန် နိုင်ငံမှ တန်ချိန် ၂၃,၀၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာသုည ဒသမ ၆၇၆ သန်းနှင့် ၂၄၉,၂၀၀ တန် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။ယခုအပတ်အတွင်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ နို့မှုန့်တင်သွင်းမှုမရှိကြောင်းသိရသည်။
အိမ့်