Main menu

Background

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၁၉/၂၀၂၁)

Tue, 11/16/2021 - 14:16 -- journal_editor

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံ သားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ/လက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ၂၆.၇.၂၀၂၁ ရက်စွဲပါ သတင်းလွှာ (၃/၂၀၁၈) ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။

             ပြည်တွင်းဈေးကွက်အတွင်း ရောင်းချမှုဖြန့်ဖြူးရာတွင် ဝယ်လိုအားနှင့် ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရောင်းချခွင့်ပြုထားသည့် ဦးစားပေးကုန်ပစ္စည်း အုပ်စုစာရင်းတွင် စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများ၊ တိရစ္ဆာန်အစာကုန်ကြမ်းပစ္စည်းများ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းများနှင့် စက်မှုကုန်ကြမ်းပစ္စည်းများ၊ မော်တော်ယာဉ်နှင့်ယန္တရားများ၏ အပိုပစ္စည်း များနှင့် ယင်းနှင့်ဆက်စပ်ပစ္စည်းများကို ဦးစားပေး ကုန်ပစ္စည်းအုပ်စုစာရင်းတွင် ဖြည့်စွက်ထားပါသည်။

         သို့ပါ၍ နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား လက်လီ/လက်ကားရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ဖြည့် စွက်၍ ပူးတွဲပါအတိုင်း ထုတ်ပြန်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။          

               သတင်းလွှာ (၃/၂၀၁၈)အား ဤသတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

၁။      လူသုံးကုန်ပစ္စည်းများ(အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများအပါအဝင်)၊

၂။       စားသောက်ကုန်ပစ္စည်းများတွင် အောက်ဖော်ပြပါပစ္စည်းများလည်းအကျုံးဝင်သည်-

(က)    လယ်ယာထွက်ကုန်ပစ္စည်းများ (နိုင်ငံ၏လိုအပ်ချက်အရ တင်သွင်းရောင်းချခွင့်မပြုသော ပစ္စည်းများမှအပ)

(ခ)     ရေထွက်ကုန်ပစ္စည်းများ၊

(ဂ)     တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊

(ဃ)    အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၊

(င)     အချိုရည်အမျိုးမျိုး၊

(စ)     ပြည်တွင်းတွင် ထုတ်လုပ်သောယမကာများ၊

(ဆ)    စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများ။

၃။      အိမ်သုံးကုန်ပစ္စည်းများ(ကြွေထည်၊ မြေထည်၊ ဖန်နှင့်ဖန်ထည်ပစ္စည်းများအပါအဝင်)

၄။      မီးဖိုချောင်သုံးကုန်ပစ္စည်းများ၊

၅။      ဆေးနှင့်ဆေးပစ္စည်း၊ ဆေးရုံသုံးကိရိယာများ၊

၆။      တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါးများနှင့် တိရစ္ဆာန်အစာကုန်ကြမ်းပစ္စည်းများ၊

၇။      စာရေးကိရိယာများ၊

၈။      ပရိဘောဂပစ္စည်းများ၊

၉။      အားကစားပစ္စည်းများ၊

၁၀။    ဆက်သွယ်ရေးပစ္စည်းများ(ကင်မရာ၊ ဖုန်းအပါအဝင်)

၁၁။    အီလက်ထရောနစ်ပစ္စည်းများ၊

၁၂။     ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ကိရိယာများ၊

၁၃။    လျှပ်စစ်ပစ္စည်းများ၊

၁၄။    စက်မှုကုန်ထုတ်လုပ်ငန်းသုံးဓာတုပစ္စည်းများ၊

၁၅။    စက်မှုကုန်ထုတ်လုပ်ငန်းသုံးပစ္စည်းများနှင့် စက်မှုကုန်ကြမ်းပစ္စည်းများ၊

၁၆။    မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊

၁၇။    လယ်ယာသုံးစက်ကိရိယာများ၊

၁၈။    စက်ပစ္စည်းအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊

၁၉။    စက်ဘီးအမျိုးမျိုး၊

၂၀။     မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊

၂၁။     မော်တော်ယာဉ်အပိုပစ္စည်းများ၊ ယန္တရားများ၏အပိုပစ္စည်းများနှင့် ယင်းနှင့်ဆက်စပ်ပစ္စည်းများ၊

၂၂။     ကလေးကစားစရာပစ္စည်းများ၊

၂၃။     အိမ်အလှဆင်ပစ္စည်းများ(ပန်းနှင့်အပင်များအပါအဝင်)၊

၂၄။     အမှတ်တရလက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်းအမျိုးမျိုး၊

၂၅။     အနုပညာပစ္စည်းများ၊ တူရိယာပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ(ရှေးဟောင်းပစ္စည်းများ မပါ ဝင်)၊

မှတ်ချက်။     

(၁)     လက်လီ/လက်ကားရောင်းချခွင့်မှတ်ပုံတင်ဖြင့် အထက်ဖော်ပြပါပစ္စည်းများ ရောင်းချရာတွင် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်၍ ဦးစားပေးရောင်းချရမည်။

(၂)      ပြည်ပမှ တင်သွင်းရောင်းချရာတွင် ကုန်ပစ္စည်းအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။

(၃)     ဦးစားပေးရောင်းချခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုစာရင်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြင်ဆင်သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။