Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းတစ်သောင်းကျော်တင်ပို့

Fri, 11/19/2021 - 13:46 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ၈၀၅သန်းတန်ဖိုးရှိဆန်တန်ချိန် ၆၇၉၀၀ကျော်တင်ပို့ခဲ့ရာအာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၃၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၄၅၀၀ခန့်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ၂၈၁၀၀ခန့် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အများဆုံးတင်ပို့သည့် နိုင်ငံများဖြစ်သည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဆန်တန်ချိန် ၁၃၆၀၀ခန့်၊ဖိလစ်ပိုင်နိုင်ငံသို့ဆန်တန်ချိန် ၁၁၁၀၀ကျော်၊ စပိန်နိုင်ငံသို့ ၁၃၈၅၀ ခန့် နှင့် အာဖရိကနိုင်ငံဖြစ်သောကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၂၈၀၀၀ခန့် တင်ပို့ခဲ့ပါသည်။

အနီးစပ်ဆုံးကာလ၂ပတ်နှင့်နှိုင်းယှဉ်ပါကဆန်တန်ချိန် ၄၆၀၀၀ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၁၅ဒသမ၁သန်းခန့်တင်ပို့ခဲ့သည်။

နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃ဒသမ၅ သန်းတန်ဖိုးရှိဆန်ကွဲတန်ချိန် ၄၅၁၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၂၆၉၀ ခန့်နှင့် အီးယူနိုင်ငံများသို့ဆန်ကွဲတန်ချိန် ၃၂၄၅၀ ခန့်တင်ပို့ခဲ့ပါသည်။ အများဆုံးတင်ပို့သည့်နိုင်ငံများမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၁၄၄၀ ခန့်၊ ဘယ်လ်ဂျီယမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၇၅၀ ခန့်နှင့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၇၀၀ခန့် တင်ပို့ခဲ့ကြောင်းသိရသည်။

အနီးစပ်ဆုံးကာလ၂ပတ်နှင့်နှိုင်းယှဉ်ပါကဆန်ကွဲတန်ချိန် ၂၆၁၀၀ကျော်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၇ဒသမ၅ သန်းခန့်တင်ပို့ခဲ့ပါသည်။

နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းဆန်တန်ချိန် ၆၇၉၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၄၅၁၀၀ ကျော်တင်ပို့ခဲ့သည့်အတွက် ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၁၁၃၀၀၀ ကျော် တင်ပို့ခဲ့ ကြောင်းသိရသည်။

အေးအေးသန့်