Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် ခြောက်သောင်းခုနှစ်ထောင်ငါးရာကျော်တင်ပို့

Fri, 11/19/2021 - 14:52 -- journal_editor

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ရက်မှ ၁၅ရက် ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၁၁၈၂၀ ကျော်၊ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန်  ၁၀၀၀ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့မှုတန်ချိန် ၄၉၀၈၀ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံသို့  ၅၂၀၀ခန့်နှင့် စင်ကာပူနိုင်ငံသို့  ပြောင်းတင်ပို့မှုတန်ချိန် ၄၆ခန့် စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန်ပြောင်းတင်ပို့မှုတန်ချိန် ၆၇၁၄၆ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၅ဒသမ ၅၆၄ သန်းခန့်တင်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၄၂၅ တန်ခန့်နှင့် မြန်မာ-တရုတ်နယ်စပ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၁ဒသမ ၅တန်ခန့် စုစုပေါင်းတန်ချိန် ၄၂၆ ဒသမ ၅တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၀၉၈သန်းခန့် ရှိကြောင်းသိရသည်။

အနီးစပ်ဆုံးကာလ ၂ပတ်နှင့်နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၄၀၁၀၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁၉ သန်းခန့်ပိုမိုခဲ့သည်။

နိုဝင်ဘာ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ စုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန် ၆၇၅၇၅ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၅ ဒသမ ၆၆၂ သန်းခန့် တင်ပို့ခဲ့ကြောင်းသိရသည်။  

အေးအေးသန့်