၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၁ရက်မှ ၁၅ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၂၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၇၄၀ ခန့်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀၀ခန့် စုစုပေါင်းတန်ချိန် ၈၃၆၀ ခန့်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၄၈ သန်းရှိကြောင်းသိရသည်။
နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းမြန်မာ-ထိုင်းနယ်စပ်မှရော်ဘာတန်ချိန် ၃၀ခန့် တန်ဖိုးအမေရိကန်ဒေါ်လာသုညဒသမ ၀၄၂ သန်းရှိကြောင်းသိရသည်။အနီးစပ်ဆုံးကာလ၂ပတ်နှင့်နှိုင်းယှဉ်ပါကပြောင်းတန်ချိန် ၆၃၀၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ၉သန်းခန့် ပိုမိုတင်ပို့ခဲ့ပါသည်။နိုဝင်ဘာလ၁ရက်မှ ၁၅ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ စုစုပေါင်းရော်ဘာတင်ပို့မှုတန်ချိန် ၈၃၉၀ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂သန်းခန့် တင်ပို့ခဲ့ကြောင်းသိရသည်။
ဒေါ်အေးအေးသန့်