Main menu

Background

ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ “ပတတံတားအား”ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှ တက်ရောက် ဖွင့်လှစ်

Thu, 11/25/2021 - 11:48 -- journal_editor

         (၂၄.၁၁.၂၀၂၁) ရက်နေ့ နံနက် (၉)နာရီအချိန် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၄)မှ တာဝန်ယူ တည်ဆောက်ခဲ့သော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်လမ်းပေါ်ရှိ “ပတတံတားအား ” ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ KNU/KNLA(PC) ဥက္ကဌ ဦးစောထော့လေးနှင့် ဒုက္ကဌ ဒေါက်တာနော်ကပေါ်ထူး၊ နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့      အမှတ် (၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ KNU (ကရင်အမျိုးသားအစည်း အရုံး)နဘူးဥက္ကဌ ပဒိုတာစော ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး တို့က ပတတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က တံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပြီး အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဇာခြည်အောင်              

          ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန