ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၈ ဖြင့် လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
ဆန်ဈေးကွက်နှင့် ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်စျေးနှုန်းများမှာ အနည်းငယ် မြင့်တက်ခဲ့ပြီး ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယ နိုင်ငံတို့တွင် ဆန်စျေးနှုန်းများမှာ ကျဆင်းနေခဲ့သည်ကို သိရှိရပါသည်။
ဆန််စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁9 ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၉၂၄၆၁.၆၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄.၆၇၀ သန်း၊ ဆန်ကွဲ တန်ချိန် ၁၅၄၂၅၅ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၆.၈၁၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၄၆၇၁၆.၆၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၁.၄၈၇ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၈၅၉၄၅.၅၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၄.၀၂၅ သန်း၊ ဆန်ကွဲတန်ချိန် ၉၅၇၅၉.၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁.၁၇၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၈၁၇၀၅.၁၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၅.၂၀၂ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၆၅၁၆.၁၀၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ သော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၉.၃၅၅ သန်း လျော့နည်းကြောင်း၊ ယခင်နှစ်၌ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆန်တစ်တန်လျှင် ပျမ်းမျှစျေးနှုန်းမှာ ၃၉၈ ဒေါ်လာနှင့် ဆန်ကွဲ တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၃၂၅ ဒေါ်လာရှိပြီး ယခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၆၀ ဒေါ်လာခန့် စျေးနှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၅၈၄၉၅.၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၆၄၀ သန်း ပိုမိုတင်ပို့ခဲ့သည်ကိုသိရှိရပါသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၀ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၂၀၀ ကျပ်မှ ၃၃၆၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရ ပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၆ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်၊ မြိတ်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်နှင့် မော်လမြိုင်မြို့တွင် ၁၁၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၀.၆၃ ရာခိုင်နှုန်း စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နိုင်ငံတကာဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။