Main menu

Background

(၃၁-၁၂-၂၀၂၁) မှ (၆-၁-၂၀၂၂ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 01/10/2022 - 09:48 -- journal_editor

          ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၈) နိုင်ငံအနက် အာဖဂန်နစ္စတန် နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၂၁.၁၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး တူရကီ နိုင်ငံတွင် (၁၁.၁၀ %)နှင့် Mauritius နိုင်ငံတွင် (၁၀.၀၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၁) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

               ယခုတစ်ပတ်အတွင်း မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘီနင်း၊ ဘူတန်၊ အီဂျစ်၊ ကင်ညာ၊ မိုနာကို၊ အိုမန်၊ ကာတာ၊ တောင်အာဖရိကနှင့် ယူကရိန်း စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၂) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

          ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီး၊ အီတလီ၊ ပီရူး၊ သြစတြီးယား၊ ပိုလန်နှင့် နယ်သာလန် အပါအဝင် နိုင်ငံ ပေါင်း (၂၅) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၁၉.၁၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယားနိုင်ငံတွင် (၂.၂၀ %)၊ မြန်မာနိုင်ငံတွင် (၂.၀၀ %)၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် (၀.၅၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံတွင် (၄.၁၀ %)နှင့် ဖိလစ်ပိုင် နိုင်ငံ တွင် (၆.၉၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

           ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၈) နိုင်ငံအနက် တူရကီ နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၁.၃၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Mauritius နိုင်ငံတွင် (၉.၉၀ %)နှင့် နိုင်ဂျီးရီးယား နိုင်ငံတွင် (၉.၄၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၁) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

           ယခုတစ်ပတ်အတွင်း မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီကွေဒေါ၊ အိုင်ယာလန်၊ ဂျော်ဒန်၊ မိုနာကို၊ အိုမန်၊ ကာတာ၊ တောင်အာဖရိက၊ ယူကရိန်းနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၀) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ လာအို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ တောင်ကိုရီးယား၊ အာဂျင်တီးနား၊ ပီရူး၊ ပိုလန်၊ ဘာဘေဒိုနှင့် မက်ဆီဒိုးနီးယား အပါ အဝင် နိုင်ငံပေါင်း (၂၇) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၁၆.၀၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

           အာဆီယံနိုင်ငံများ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် (၂.၁၀ %)၊ ကမ္ဘောဒီးယားနိုင်ငံတွင် (၁.၃၀ %)နှင့် ထိုင်းနိုင်ငံတွင် (၀.၃၀ %) တို့ ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် (၁.၃၀ %)၊ လာအိုနိုင်ငံတွင် (၁.၈၀ %)နှင့် အင်ဒိုနီးရှားနိုင်ငံတွင် (၈.၅၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

       ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၂) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၁) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၈) ဒေါ်လာနှုန်းဖြင့် (၃၆) နိုင်ငံ မြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၈၁) ဒေါ်လာနှုန်းဖြင့် (၃၄) နိုင်ငံမြောက်တွင် ရှိနေ ကြောင်း တွေ့ရှိရပါသည်။

       ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၄၀၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၄၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၉၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ လျှင် ၁၄၀၀ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း စီစဉ်ကာ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီ များကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင်တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၈၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၇၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၆၇၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၅၃၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ လွိုင်ကော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၇၅ ကျပ်၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၄၁ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေ ကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင် အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၄၅ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၄၅ ကျပ်သို့ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။