Main menu

Background

(၃၁-၁၂-၂၀၂၁) မှ (၅-၁-၂၀၂၂) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာ သုံးသပ်တင်ပြခြင်း

Mon, 01/10/2022 - 09:50 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၄ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန် စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၂ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရပါသည်။

               ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၉၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၂၃ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

            ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %)၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါသည်။

           ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၄၃၈၉၂၄.၈၉၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၄.၉၃၆ သန်း၊ ဆန်ကွဲ တန်ချိန် ၂၃၀၇၃၄.၂၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၆၉.၄၀၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၆၆၉၆၅၉.၁၄၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၄.၃၃၆ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၄၀၈၁၂၅.၈၆၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃.၈၀၉ သန်း၊ ဆန်ကွဲ တန်ချိန် ၂၃၆၇၅၄.၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀.၁၃၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၆၄၄၈၈၀.၂၁၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၄၃.၉၃၉ သန်း ဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၀၇၉၉.၀၃၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ သော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၈၇၃ သန်း လျော့နည်းကြောင်း၊ ယခင်နှစ်၌ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆန်တစ်တန်လျှင် ပျမ်းမျှစျေးနှုန်းမှာ ၄၀၁ ဒေါ်လာနှင့် ဆန်ကွဲ တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၃၃၈ ဒေါ်လာရှိပြီး ယခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၆၀ ဒေါ်လာခန့် စျေးနှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင်လည်း တန်ချိန် ၆၀၂၀.၁၀၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၇၃၀ သန်း လျော့နည်း တင်ပို့ခဲ့သည်ကို သိရှိရပါသည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၄ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၆၆၀ ကျပ်မှ ၃၄၀၈၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရ ပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅  ရက်နေ့ တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၆ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

           တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ်ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်နှင့် ပျဉ်းမနားမြို့ တို့တွင် ဧည့်မထဆန်သစ် တစ်ပြည်လျှင် ၁၀၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

           Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၀.၈၉ ရာခိုင်နှုန်း စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။