Main menu

Background

(၃၁-၁၂-၂၀၂၁) မှ (၆-၁-၂၀၂၂) အထိ ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 01/10/2022 - 09:53 -- journal_editor

    ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၁၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၈ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၂၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ၁၈၂၆၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ် ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

              ငွေကြေးစျေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းနှင့် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅) သန်းတို့ကို ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် (၁၇၇၈) နှုန်းဖြင့် နှစ်ရက် ဆက်တိုက်ရောင်းချခဲ့ပြီးနောက် ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁၁၈) သန်း ရောင်းချ ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ အများဆုံး ရောင်းချသည့်လ ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရှိရပါသည်။

         ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလ အစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၉ ရက် နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့ထိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၇၇၈ ကျပ် ဖြစ်ပေါ်နေခဲ့ သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း တည်ငြိမ်နေခဲ့သည် ကို လေ့လာတွေ့ရှိရပါသည်။

        ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၀ ကျပ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၂၅ ကျပ်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ်နှင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၃၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာ သိရှိရပါ သည်။