Main menu

Background

အလုပ်နေရာ 150 Netflix  လျှော့ချ

Fri, 05/27/2022 - 10:54 -- journal_editor

အမေရိကန်အွန်လိုင်းဖျော်ဖြေရေး ကုမ္ပဏီဖြစ်သည့် Netflix တွင် အခပေးကြည့်ရှုသူ ၁၀နှစ်အတွင်း ပထမဆုံးအကြိမ်ဆုံးရှုံးနေကြောင်း ထုတ်ဖော်ပြောကြားပြီးတစ်လအကြာ၌ အလုပ်နေရာ ၁၅၀ ကို လျှော့ချလိုက်ကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။ကုမ္ပဏီဝင်ငွေကျဆင်းလာခြင်းကြောင့် အလုပ်နေရာ လျှော့ချမှုများ ပြုလုပ်ရကြောင်းNetflix က ထုတ်ပြန်ထား သည်။Netflix က မိမိတို့အနေဖြင့် စီးပွားရေးလိုအပ်ချက်ကြောင့်သာ အလုပ်နေရာ လျှော့ချရခြင်းဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ကောင်းများနှင့် လမ်းခွဲလိုခြင်းမရှိကြောင်းပြောခဲ့သည်။၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် အခပေးကြည့်ရှုသူ နှစ်သိန်း ဆုံးရှုံးခဲ့ပြီးလာမည့် သုံးလအတွင်း နောက်ထပ်နှစ်သန်းကို ဆုံးရှုံးနိုင်ကြောင်း Netflix  က ခန့်မှန်းထားသည်။                                                               
     Ref; BBC