Main menu

Background

ရွှေ့ပြောင်းလုပ်သားများနဲ့ မိသားစုများကို ငွေပိုမိုထုတ်ချေးဖို့ ဘဏ်များကို တိုက်တွန်း

Thu, 07/10/2014 - 11:07 -- ydnar

 

ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုတွေနဲ့ ပြည်ပကပြန်လာသူတွေက ငွေ တွေပိုမိုဈေးယူလို့ရအောင် ဆောင်ရွက် ပေးဖို့ လူအင်အားဝန်ကြီးဌာနနဲ့ ရွှေ့ ပြောင်းလုပ်သားကာကွယ်ရေးအစိုးရ အေဂျင်စီတို့က ဘဏ်တွေကိုတိုက်တွန်း ထားကြောင်း ဂျာကာတာဂလုပ်သတင်း မှာဖော်ပြထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေက အင်ဒို နီးရှားနိုင်ငံကို ပြန်ပို့တဲ့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာကို အကျိုးအမြတ် အဖြစ် ဘဏ်တွေကရထားပါတယ်။ ဒီဘဏ်တွေက နိုင်ငံကိုပြန်လာတဲ့လုပ် သားတွေ သို့မဟုတ် ပင်လယ်ရပ်ခြား ဒေသမှာရှိနေဆဲ လုပ်သားတွေရဲ့ မိသားစုတွေကို အတိုးနှုန်းသက်သာ တဲ့ချေးငွေတွေပြန်လည်ထုတ်ချေးသင့်တယ်။ ဒါ့ပြင်အသေးစားနဲ့ အလတ် စား စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင် အောင် ကူညီသင့်တယ်လို့ လူအင်အား ပြန်လည်နေရာထားရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာညွှန်ကြားရေးမှူးချုပ် ရေးနာ အပ်စမန်းက ပြောပါတယ်။
နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားလူမျိုးတွေက ၂၀၀၇ ခုနှစ် မှာနိုင်ငံကိုပြန်ပို့ငွေ ဒေါ်လာ ၆ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၄၁ ဘီလီယံထိရှိလာခဲ့ကြောင်း အင်ဒိုနီးရှား ဗဟိုဘဏ်စာရင်းတွေအရ တွေ့ရပါ တယ်။ ယခုနှစ် ပထမသုံးလပတ် လွှဲ ပို့ငွေက ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ရှိခဲ့ပါတယ်။
''လုပ်သားတွေနဲ့ မိသားစုတွေရဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်မှာ ပါ ဝင်လာဖို့အတွက် ဘဏ်တွေကို ကျွန်မ တို့က ပန်ကြားထားပါတယ်'' လို့ ရေးနာ က ဂျာကာတာမှာရှိတဲ့ လူအင်အားပြန် လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင် ရာရုံးမှာ ဇူလိုင် ၂  ရက်ကပြောပါတယ်။
ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့အ တွက် ဘဏ်အမျိုးမျိုးနဲ့ အစည်းအဝေး အမြောက်အများကိုအဆိုပါရုံးမှာကျင်းပ ပေးခဲ့ကြောင်း အင်ဒိုနီးရှားရွှေ့ပြောင်း လုပ်သားများပြန်လည်နေရာချထားရေး နဲ့ ကာကွယ်ရေးအမျိုးသားအေဂျင်စီအ ကြီးအကဲ ဂါးတော့ အဒူလာမန်ဆာက ပြောပါတယ်။