ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်ပေါ်ခဲ့ရတဲ့ထိုင်းအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများရဲ့ စိုးရိမ်မှုတွေ ဟာေ လျာ့ပါးစပြု လာပါပြီ။ ဒါပေမဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုစီမံခန့်ခွဲဖို့အတွက်ပူပန်နေရဆဲဖြစ်ပြီး အထူးသဖြင့်လုံလောက် တဲ့ ငွေ သားစီးဆင်းမှုရှိဖို့အတွက်စိုးရိမ်နေရကြောင်းTMB Bankုရဲ့သုတေသနဌာနခွဲတစ်ခုဖြစ်တဲ့TMB Analytics အကြီးအကဲ ဘင်ဂျေ ရာင်ဆုဝန်ကီရီရဲ့ ပြော ကြားချက်ကို သည်နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။
TMB-SME စီးပွားရေးလုပ်ငန်း အပေါ် ယုံကြည်မှု အညွှန်းကိန်းကိုပြုစုရာမှာ နိုင်ငံတစ်ဝန်းလုံးစီးပွားရေးလုပ်ငန်းတွေ အနက် လုပ်ငန်းပေါင်း၁၀၀၀ရဲ့ လောလောဆယ်စီးပွားရေးလုပ်ငန်းအပေါ် ယုံကြည်မှုနဲ့ နောက်လာမယ့် သုံးလ အတွင်းရှိမယ့် အခြေအေ နတွေအပေါ်ယုံကြည်မှုတွေကို စစ်တမ်းကောက်ယူခဲ့ တာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူတဲ့ ကာလက ဧပြီ ကနေ မေ ၂၀ရက် အထိ ဖြစ်ပါတယ်။ အဲဒီကောက်ယူမှုက မေ ၂၂ရက်အာဏာမသိမ်းမီကောက်ခံခဲ့တဲ့အတွက် ဒုတိယသုံးလပတ်မှာအညွှန်းကိန်း ကပြောင်းလဲမှုမရှိခဲ့ပါဘူး။ဒါပေမဲ့ နာက်လာမယ့်သုံးလအတွက်ယုံကြည် မှုကယခင်တတိယ သုံးလပတ်က ၅၁ဒသ မ ၁ရာခိုင်နှုန်း ရှိခဲ့ရာမှာယခုသုံးလပတ်မှာ ၅၅ဒသမ၇အထိ မြင့်တက်ခဲ့ပါတယ်။ ယခင်အောက်တိုဘာကစပြီးဘန်ကောက် မှာ အစိုးရဆန့် ကျ င်ရေး လှုပ်ရှားမှုတွေစတင်ခဲ့ပြီးနောက်ပိုင်း ပထမအကြိမ် အဖြစ် တိုးတက်လာတာဖြစ်ပါတယ်။ ရမှတ်၅၀ အထက်ရှိရ င်ယုံကြည်မှု အပေါ် အပေါင်းလက္ခဏာပြတဲ့ အမှတ်အသား ဖြစ်ပါတယ်။
