Main menu

Background

အိန္ဒိယ အရှေ့မြောက်ဒေသနဲ့ အရှေ့မျှော်ဝါဒ ပေါင်းစည်းပေးဖို့ အတိုင်ပင်ခံယန္တရား လိုအပ်

Thu, 07/31/2014 - 08:58 -- ydnar

 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ (Look East Policy)ကို အိန္ဒိယအရှေ့ မြောက်ဒေသ ပြည်နယ်များရဲ့ လိုအပ် ချက်တွေ နဲ့ ပေါင်းစည်းပေးနိုင်ဖို့အတွက်အတိုင်ပင်ခံ ယန္တရားတစ်ခုကို အလျင် အမြန်ထူထောင်ဖို့ လိုအပ်နေကြောင်းအိန္ဒိယ အရှေ့မြောက်ေ ဒသ ကောင်စီအဖွဲ့ဝင် Bezbaruah ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့အလုပ်ရုံ ဆွေးပွဲ မှာ ပြောကြား ခဲ့တယ် လို့ ဆော က် အေး ရှနယူးစ် သတင်းမှာ ဖော်ပြထား ပါတယ်။

အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းများ အသင်းက အရှေ့မြောက်ဒေသကောင် စီ တရုတ်လေ့လာရေးအဖွဲ့နဲ့ Observer Research
Foundation တို့  ပူပေါင်းပြီး  ဒေသတွင်းပေါင်းစည်းရေး မှာ ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ-မြန်မာ(BCIM)စီးပွားရေးစြင်္ကံရဲ့
အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကိုဇူလိုင် ၁၉ရက်နေ့က ကျင်းပခဲ့ပါတယ်။         Bezbaruah ရဲ့ အဆိုအရ အရှေ့ မြောက်ဒေသရဲ့ ပို့ကုန်အလားအလာကို လေ့လာပြီး ဒီအလားအလာကို ဘင်္ဂ လားဒေ့ရှ်၊ တရုတ် နဲ့ မြန်မာနိုင်ငံ တို့ရဲ့ ဈေးကွက်တွေဝယ်လိုအားတွေနဲ့တွဲ ဖက်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလိုပို့ကုန်အလားအလာတွေကို လက် တွေ့ အကောင်အထည်ဖော်ဖို့အတွက် အရှေ့မြောက်ဒေသရဲ့ အခြေအနေ တွေကို ဖန်တီးတည်ဆောက်ဖို့ လို ကြောင်း သူကအလေးေ ပးပြောကြားပါတယ်။ကုန်းလမ်းနဲ့ အဝေးပြေးလမ်းမ ကြီးတွေအပြင် အိုင်တီစတဲ့လုပ်ငန်းတွေ ကို အကောင်အထည်ေ ဖာ်ထားပြီးြ ဖစ် ပေမယ့် နောက်ထပ်ဆောင်ရွက်စရာ တွေအများကြီးရှိသေးတယ်လို့ သူက ပြောပါတယ်။
BCIM   ဒေသတွင်းမှာပါဝင်တဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ပြီး ဒေသတွင်းရှိ အရေးပါတဲ့ စီမံကိန်း တွေကို ဖန်တီးတည်ဆောက်ဖို့လို ကြောင်းလည်း သူက တိုက်တွန်းပြော ကြားပါတယ်။ ဒေသတွင်းရဲ့စွမ်းရည် တွေကို ဖြည့်ဆည်း ရမယ်။ စီမံကိန်းတွေ ကို ဦးစားပေးအလိုက် အကောင် အထည်ဖော်ရမယ်လို့ သူကပြောပါ တယ်။