Main menu

Background

တောင်ကိုရီးယားနိုင်ငံက နည်းပညာစွမ်းအားရှင်နိုင်ငံ တစ်ခုဖြစ်လာ

Thu, 08/22/2013 - 12:56 -- ydnar

တောင်ကိုရီးယားနိုင်ငံက ၁၉၅၀- ၅၃ ခုနှစ်တောင်ကိုရီးယား ကျွန်းဆွယ် စစ်ပွဲရဲ့ အပျက်အစီးများ ဘဝမှာ ထု ထယ် ကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုတွေ ရရှိအောင် နှစ်ပေါင်း ၃၀ အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ကိုရီးယားဟာရယ် သတင်းမှာ ဖော်ပြ ထားပါတယ်။ နိုင်ငံရဲ့ ဂျီဒီပီအရတစ်ဦး ကျဝင် ငွေက ၁၉၅၃ ခုနှစ်မှာ ၆၇ ဒေါ်လာရှိခဲ့ ရာမှ ၂၀၁၂ ခုနှစ်မှာ ၂၃၀၆၇ ဒေါ်လာ ထိမြင့်တက်ခဲ့ပါ တယ်။

စီးပွားရေးအောင်မြင်မှုရရှိ လာခဲ့ ရ တာကအများ အားဖြင့်ကုမ္ပဏီစုကြီး တွေရဲ့ဦးစီးဆောင်ရွက်မှုအရ ကုန်ချော ထုတ်လုပ် မှုလုပ်ငန်းတွေတိုးတက်လာ တဲ့ပေါ်မှာလည်း အများကြီးမူတည်နေ ပါတယ်။
၁၉၄၈ ခုနှစ်က ၁၉၆၅ ခုနှစ်အ တွင်း စောစောပိုင်းအဆင့်မှာ အဖြူ ထည်လုပ်ငန်းများလို့ခေါ်တဲ့ အထည် ချုပ်လုပ်ငန်း၊ ကြိတ်ခွဲရေးနဲ့ သကြား သန့်စင်ရေးတွေကို အစိုးရလုပ်ငန်း အဆင့်ထိတိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒီနောက် ပိုင်း ၁၉၅၀ ပြည့်လွန်နှစ်များနဲ့ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ယခင်သမ္မတ ဟောင်း ပတ်ချုန်ဟီးရဲ့ဆောင်ရွက်ခဲ့တဲ့ ငါးနှစ်စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းအရ အဆင့်မြင့်နည်းပညာစီးပွားရေးလုပ်ငန်း တွေစည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။
ဆမ်ဆောင်းအီလက်ထရွန်းနစ်နဲ့ အယ်လ်ဂျီအီလက်ထရွန်းနစ်လုပ်ငန်း တွေ အဲဒီအချိန်ကစပြီး လျင်မြန်စွာဖွံ့ ဖြိုးတိုးတက်ခဲ့ပါတယ်။ ဂိုးလ်စတား (ယခုအယ်လ်ဂျီ) ကုမ္ပဏီက ၁၉၅၆ ခုနှစ်မှာ တောင်ကိုရီးယားရဲ့ ပထမဆုံး ရေဒီယိုကိုထုတ်လုပ်ခဲ့ပြီး ၁၉၆၅ ခုနှစ် မှာ ရေခဲသေတ္တာကိုစတင်ထုတ်လုပ်ခဲ့ တဲ့ ပထမဆုံးတီဗွီကို ထုတ်လုပ်ခဲ့ပါ တယ်။ Korea Semicondactor Co. က  LED နာရီတွေအတွက် ပထမဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းကို ထုတ်လုပ်ခဲ့ ပြီး၊ ဒီနှစ်ထဲမှာပဲ ဆမ်ဆောင်းစီမီးကွန် ဒပ်တာကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပါတယ်။
SCH. 100 မိုဘိုင်းဖုန်းနဲ့SPH-m 100 MP3 မိုဘိုင်းဟန်းဆက်တို့အပါ အဝင်တောင်ကိုရီးယားရဲ့ ပထမဆုံး ဟန်းဆက်တွေကို ဆမ်ဆောင်းကထုတ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့် လွန် နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ ဘဏ္ဍာရေး အကျပ်အတည်းကာလမှာ တီထွင်ဆန်း သစ်မှုလုပ်ငန်းတွေကို မနားမနေဆောင် ရွက်ခဲ့တဲ့ ကုမ္ပဏီတွေသာဆက်လက် ရှင်သန်ခဲ့ပြီး ကုမ္ပဏီစုကြီးတွေ ဒေဝါလီ ခံခဲ့တဲ့အတွက် စီးပွားရေးစနစ်ကလည်း ပြောင်းလဲခဲ့ရပါတယ်။ ဆက်လက်ရှင် သန်ခဲ့တဲ့ ကုမ္ပဏီတွေက ဈေးကွက် ကျယ်ပြန့်ဖို့နဲ့ အနာဂတ်စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံနိုင်ဖို့အတွက် တစ် ကမ္ဘာလုံးလွှမ်းခြုံမဲ့ မဟာဗျူဟာတွေကို ချမှတ်လာပါတယ်။
ကိုရီးယားဖြစ်ပစ္စည်းတွေက ဈေး ကွက်နဲ့ သုံးစွဲသူတွေက ဒုတိယတန်း စားအဖြစ် သဘောထားခဲ့ကြရာမှ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစပြီး တီဗွီနဲ့ စမတ်ဖုန်း အပါအဝင် ကိုရီးယားဖြစ် အီလက်ထရွန်းနစ်ပစ္စည်းတွေ ဈေးကွက် မှာတွင်ကျယ်လာပါတယ်။ ယခု ဒုတိယ သုံးလပတ်ကစပြီး ကမ္ဘာ့စမတ်ဖုန်းသုံးစွဲ သူတွေရဲ့ ၃၃ ရာခိုင်နှုန်း သို့မဟုတ် သန်း ၇၆၀ က ဆမ်ဆောင်း ထုတ်ကုန် တွေကို သုံးလာပါတယ်။