Main menu

Background

တစ်ဟုန်ထိုးမြင့်တက်လာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဖို့ အရှေ့အလယ်ပိုင်းက သဘာ၀ ဓာတ်ငွေ့ကို ပြောင်းသုံးရမည်

Mon, 09/30/2013 - 11:46 -- ydnar

အရှေ့အလယ်ပိုင်းဒေသက စွမ်းဆောင်ရည်နိမ့်ကျနေတဲ့ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစက်ရုံတွေကို အသုံးပြုနေရပါတယ်။ လက်ရှိအတိုင်းဆက် လက်သုံးစွဲနေမယ်ဆိုရင် မကြာမီမှာ ရေနံပြတ်လပ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း လေ့လာချက်အသစ်တစ်ခုအရ သိရတယ်လို့ ပီတီအိုင်သတင်းတစ်ခုမှာ ဖော်ပြ ထားပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍက ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဒေသတွင်း လျှပ်စစ်စွမ်းအားလိုအပ်ချက် တစ်ဟုန် ထိုးမြင့်တက်နေတာကို ဖြည့်ဆည်းဖို့ဖြစ်ကြောင်း ဆီးမင်းနဲ့ မြူနစ်နည်း ပညာ တက္ကသိုလ်တို့ ပူးတွဲပြုလုပ်တဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။
ဒေသတွင်းမှာ ရေနံစိမ်းထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဗီး ယားကို နမူနာထားပြီး အရှေ့အလယ်ပိုင်း ဒေသရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဆီးမင်းက မီးမောင်းထိုးပြခဲ့ပါတယ်။
“လျင်မြန်စွာတိုးတက်နေတဲ့ ပြည်တွင်းလျှပ်စစ်စွမ်းအားလိုအပ်ချက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ကုန်ကျ စရိတ်ပိုမိုသက်သာတဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံတွေနဲ့ ကုန်ကျစရိတ် အများကြီးသက်သာစွာ လောင်စာဆီအသုံးပြုနိုင်ဖို့အတွက် ဒေသတွင်းသဘာ၀ ဓာတ်ငွေ့ကို ပိုမိုအသုံးပြုခြင်းဖြင့် ရေရှည်လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး သက်သာတဲ့နှုန်းထားနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်'' လို့ ဆီးမင်းအေဂျီရဲ့ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင်နဲ့ အမှုဆောင် အရာရှိချုပ် မိုက်ကယ်ဆူရယ်က ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားရဲ့ လျှပ်စစ် စွမ်းအားလိုအပ်ချက်က ၂၀၃၀ ပြည့်နှစ် မှာ နှစ်ဆတက်လာပါမယ်။ ယနေ့သုံးစွဲနေတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ ထက်ဝက်ကို ရေနံလောင်စာဆီသုံးစွဲတဲ့ စက်ရုံတွေက ထုတ်လုပ်ပေးနေပြီး ကျန်တာကို သဘာဝဓာတ်ငွေ့သုံး စက်ရုံက ထုတ်လုပ်ပါတယ်။ ဓာတ်အားသုံးစွဲတဲ့ ပုံစံကို မပြောင်းလဲဘူးဆိုရင် ကိုယ်ပိုင်သုံးခွဲဖို့အတွက် အလုံအလောက်မထုတ်လုပ် နိုင်တော့တဲ့အတွက် လာမယ့်နှစ်သုံးဆယ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံကိုပြည်ပက တင်သွင်းရတော့မှာ ဖြစ်ပါတယ်။