Main menu

Background

ကနေဒါမှာ ပဲနီလေးပိုစိုက်လာ

Thu, 02/25/2010 - 11:11 -- Anonymous (not verified)

   ကုန်စည်တွေရဲ့   သမိုင်းအစဉ်အလာအရ တောင်သူတွေအတွက် နှစ် နှစ်၊ ကုန်သည်တွေအတွက်  သုံးနှစ်၊ အကျိုးအမြတ်ရရှိတဲ့ အပေါ်အခြေခံပြီး၊ ကနေဒါတောင်သူများ  ပဲအမျိုးအစား ရွေးချယ်စိုက်ကြပါတယ်။    ယခုနှစ် ကနေဒါနိုင်ငံအနောက်ခြမ်းမှာ ပဲနီ လေးကို ပိုမိုစိုက်ပျိုးလာကြခြင်းက အဲဒီအချက်ကို   ပိုမိုပေါ်လွင်စေပါတယ်။ Albeta  ဒေသက လယ်သမားများဟာ ယခုနှစ်မှာ ပဲနီလေးဧက ၄၂ဝဝဝ ပိုမိုပြီး ဧကသုံးသိန်းကျော် စိုက်ပျိုးကာ ှSaskatchewan ဒေသက လယ်သမားတွေက ယမန်နှစ်က ဧက ၁ ဒသမ ၂၃ သန်းစိုက်ပိုျးရာမှ ယခုနှစ်မှာတော့ ၁ ဒသမ ၇သန်းထိ တိုးခဲျ့လာကြပါတယ်။    ကနေဒါတစ်နိုင်ငံလုံးအနေနဲ့ ပဲနီ လေးဧက ၃ ဒသမ ၂ သန်းထိ စိုက်ပျိုးလာပကြပါတယ်။ အခြားပဲတွေနေရာမှာ ပဲနီလေးကို အစားထိုး စိုက်ပိုျးလာကြလို့ အနောက်ကနေဒါမှာ ပဲလုံးစိုက်ဧကတော့ ကျဆင်းမယ်လို့သိရပါတယ်။  Sources: statpub.com