Main menu

Background

ကမ္ဘာ့ဈေးကွက်

Wed, 02/10/2010 - 09:23 -- Anonymous (not verified)

    ဖေဖော်ဝါရီလဆန်းကာလအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ အမေရိကန်ရေနံစိမ်း ဈေးကွက် ၌ တစ်စည်လျှင် ကန်ဒေါ်လာ ၇၂ မှ ၇၅ ဒေါ်လာအထိ မြင့်မားလာခဲ့ပါတယ်။ ထိုသို့ ဈေးကွက်မြင့်မားလာခဲ့သော်လည်း အာရှနိုင်ငံအချို့၌ အာဆီယံအကောက်ခွန်လွတ် ကုန်သွယ်ခွင့်ဆိုင်ရာ သဘောတူညီချက်များရဲ့ အကျိုးကျေးဇူးကြောင့် ရေနံထွက်ပစ္စည်း တင်သွင်းရာမှာ အခွန်အကောက် သုံးရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းသို့ လျှော့ချမှုကို ခံစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းသုံး ဓာတ်ဆီဒီဇယ်ဆီများ၏ ပန့်ဈေးများကို နိုင်ငံတစ်ချို့မှာ ပြင်ဆင်လျှော့ချကြောင်း သိရပါတယ်။ ကမ္ဘာ့စွမ်းအင်အကြံပေးအဖွဲ့ IEA ရဲ့ သုံးသပ်ချက်များ အရ ''အထူးသဖြင့် ရေနံဈေးကွက်မှာ အာရှဒေသစက်မှုဖွံ့ဖြိုးလာမှု၊ လူများစုရဲ့ သုံးစွဲမှုပိုမိုလာမှု များကြောင့် အမေရိကန်ရဲ့ သုံးစွဲမှုပမာဏကျနေပေမယ့်လည်း ဈေးတွေမြင့်လာနိုင်တယ်'' လို့ သုံးသပ်ပါတယ်။