Main menu

Background

ကမ္ဘာ့ဈေးကွက်

Wed, 02/17/2010 - 05:22 -- Anonymous (not verified)

    ရေနံဈေးကွက်သုံးသပ်သူများရဲ့ အဆိုအရ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရေနံစိမ်းဈေးတွေ တစ်စည်လျှင် ၆၈-၇ဝ ဒေါ်လာခန့်အထိ ကျဆင်းမှုဖြစ်ပေါ်ခဲ့လို့ ရင်းနှီးမြုပ်နံှသူများက စိုးရိမ်လျက်ရှိပါတယ်။ ''အာရှဈေးကွက်မှာ ရေနံဈေးတွေ ကျဆင်းလာ တယ်။ ဒီဇင်ဘာလလယ် လောက်က ရေနံစိမ်းဈေးဟာ ၂ဝ ရာခိုင်နှုန်းလောက်မြင့်လာခဲ့ပေမယ့် ယခုအချိန်မှာ ၁ဝ ရာခိုင် နှုန်းလောက် ပြန်ကျဆင်းလာခဲ့တယ်။ တစ်ဖက်ကလည်း အမေရိကန်ရဲ့ စီးပွားရေးအညွှန်းကိန်းတွေက အားရဖွယ်မရှိသေးသလို ရေနံသိုလှောင်မှုလက်ကျန်ကလည်း အလွန်မြင့်မားနေတယ်။ ဒါကြောင့် ရေနံဝယ်လိုအားကောင်းဖို့ တွန်းအားပေးဖို့လိုနေပြီ'' လို့ ရင်းနှီးမြုပ်နံှသူများက သုံးသပ်ကြပါတယ်။