Main menu

Background

ကမ္ဘာ့ရေနံဈေး ဆက်လက်ကျဆင်းသောကြောင့်

Wed, 02/17/2010 - 06:34 -- Anonymous (not verified)

    ကမ္ဘာ့ရေနံဈေးများမှာ ဆက်တိုက်ဆိုသလို   ကျဆင်းလာသောကြောင့် ပြည် တွင်းဒီဇယ်ဈေးမှာလည်း ယခုတစ်ပတ်အတွင်း ဆက်လက်ကျဆင်းလာတယ်လို့ ဒီဇယ်ရောင်းဝယ်သူ တစ်ဦးက ဆိုပါတယ်။''ပုဂ္ဂလိကကို  ဒီဇယ်တင်သွင်း ခွင့်ပြုပြီးနောက်ပိုင်း ဒီဇယ်ဈေး တက် ရိပ်ပြတာကနေ ဆက်တိုက်ဆိုသလို ကျဆင်းလာတယ်။  ပုဂ္ဂလိကဆိုတော့ အပြိုင်အဆိုင် ရောင်းချကြမှာပဲ။  တစ် ယောက်နဲ့တစ်ယောက် သူထက်သူယှဉ် ပြိုင်ရာက  စားသုံးသူက  ဝယ်လိုအား တက်လာမှာပဲ။ ဒါပေမယ့်အရှုံးခံရောင်း ချမှာတော့ မဟုတ်ဘူး။ အသက်သာ ဆုံးဈေးနှုန်းကို အပြိုင်အဆိုင် ရောင်း ကြမှာပဲ။ အခု ကမ္ဘာ့ရေနံဈေးကလည်း ဆက်တိုက်ဆိုသလို ကျနေတော့ ပြည် တွင်း ဒီဇယ်ဈေးကလည်း တရိပ်ရိပ် ကျ လာတယ်။ ဒီဇယ် အရည်အသွေးက လည်း နောက်ပိုင်းဆိုရင် ပိုပြီးကောင်း မွန်လာမယ်လို့  ထင်ပါတယ်။ ဒီဇယ် အပြိုင်အဆိုင် တင်သွင်းရင် ဈေးနှုန်း အပြင် ဒီဇယ်ဆီရဲ့ အရည်အသွေးကို ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်'' ဟု 0x158င်းကပြောပါတယ်။ယခုတစ်ပတ် ပြည်တွင်းဒီဇယ်ဆီ ဈေးနှုန်းမှာ  ဒီဇယ်  တစ်ပီပါလျှင် ၁၄၇ဝဝဝ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ် ၁၄၈ဝဝဝ ကျပ်မှ ကျဆင်းလာခြင်းဖြစ် ကြောင်းနှင့် ကမ္ဘာ့ရေနံတစ်စည် အမေ ရိကန်ဒေါ်လာ ၇၂ ရှိတယ်လို့ သိရ ပါတယ်။     မင်းသန့်