၂ဝ၁ဝ နှစ်ဆန်းကာလအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများက တစ်စည်လျှင် ၇ဝ နဲ့ ၈ဝ ဒေါ်လာအကြားမှာ ဈေးပေါက်နေပါတယ်။ ဇွန် ဇူလိုင်လလောက်ကတည်းကနေ ဒီဈေးနှုန်းနဲ့ပဲ ရှစ်လကျော် ကိုးလနီးပါး တည်တည်ငြိမ်ငြိမ်နဲ့ သွားနေပါတယ်။ ''တကယ့်ကို စီးပွားရေးဦးမော့လာတာ ဟုတ်ရဲ့လားလို့ တွေးထင်စရာပဲ၊ တကယ်စွမ်းအားကောင်းတဲ့ စီးပွားရေးနာလန်ထူမှုဆိုရင် ရေနံပိုသုံးပြီး ထုတ်လုပ်မှုတွေပိုထုတ်လုပ်လာကြမှာပါ''လို့ ဆစ်ဒနီမှ သုံးသပ်သူ Mike က ပြောပါတယ်။ ဒီလိုရေနံစိမ်းဈေးတွေ ၈ဝ ဒေါ်လာဝန်းကျင်ရှိတာက အမေရိကန် တန်ဖိုး အနေအထား တောင့်တင်းလာမှုကြောင့် ကုန်စည်သိုလှောင်ခြင်းအစား ဒေါ်လာဘက်ကို ဦးလှည့်သွားကြလို့ဖြစ်ကြောင်း၊ ဒီလိုရေနံစိမ်း ဈေးအမြင့်ကို သိပ်မတက်ခြင်းက ဈေးကွက်မှာ ထုတ်လုပ်နိုင်စွမ်းရှိမှုအပေါ် ထိခိုက်လာနိုင်စရာရှိကြောင်း၊ ဒါ့အပြင် အဓိက ဝယ်လက် အမေရိကန်နိုင်ငံရဲ့ မြို့ကြီး ၂ဝမှာ အိမ်ထောင်စုတို့ရဲ့ စားသုံးမှုနှုန်းက ၂၀၀၉ နှစ်ကုန် နိုဝင်ဘာ-ဒီဇင်ဘာမှာ သုည ဒသမ ၂ ရာခိုင်နှုန်းအထိ ကျသွားခဲ့ခြင်းနဲ့ ရေနံ သိုလှောင်မှုပမာဏ မြင့်တက်လာခြင်းတို့က ကာလတိုမှာ ရေနံစိမ်းဈေး ၈ဝ ဒေါ်လာ ဝန်းကျင်ရှိနိုင်ကြောင်း စွမ်းအင်အေဂျင်စီဆိုင်ရာ သတင်းများက ဆိုပါတယ်။ WWN
Background