Main menu

Background

ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးတည်ငြိမ်နေ

Thu, 03/11/2010 - 04:10 -- Anonymous (not verified)

     ကမ္ဘာ့ရွှေဈေးပြန်လည်၍ မြင့်တက်လာသော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး သြင်္ကန်ပွဲတော်ကာလ နီးကပ်လာသည့်အတွက် အရောင်းအဝယ်အေးနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။     ''ယခု ဒီကာလက အရောင်းအဝယ်အေးတဲ့ ကာလပဲ။ နှစ်တိုင်း ဒီအချိန်ဆို အရောင်းအဝယ်သိပ်မရှိဘူး။ တချို့ဆိုင်ရှင် တွေဆိုရင် ဒီကာလမှာ ဆိုင်ပိတ်ပြီး အပန်းဖြေခရီးတောင် သွားကြတယ်။ အခုလက်ရှိလည်း ရွှေက ဝယ်လိုအား ကျနေ တယ်။ ဈေးကွက်ကလည်း အေးနေတဲ့အချိန် ရောက်နေတယ်။ ပြည်တွင်း ရွှေဈေးနှုန်းကတော့ ကျပ်ခြောက်သိန်းအောက်မှာ ငြိမ်နေတယ်။ အတက်အကျ သိပ်မရှိဘူး၊ ဈေးပြောင်းလဲလည်း အလွန်ဆုံးနှစ်ထောင် သုံးထောင်ဝန်းကျင်ပဲ။ မြန်မာ လူမျိုးတွေက သြင်္ကန်ပွဲတော်ဆိုရင် လှူဖို့တန်းဖို့ကိုပိုပြီး အာရုံထားကြတယ်။ ရွှေဝယ်ဖို့ကို စိတ်မဝင်စားကြဘူး'' ဟု ၎င်းက ပြောသည်။     ယခုလတ်တလော ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ယခင်က အမေရိကန် ဒေါ်လာ ၁ဝ၆၄ က ယခု ၁၁၂၃ သို့မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ အကယ်ဒမီအခေါက်တစ်ကျပ်သားလျှင် ၅၉၆ဝဝဝ ကျပ်၊ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၅၆၁ဝဝဝ ကျပ်ဝန်းကျင်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မင်းသန့်