Main menu

Background

ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေး တည်ငြိမ်နေ

Wed, 03/10/2010 - 08:26 -- Anonymous (not verified)

     ကမ္ဘာ့ရွှေဈေးပြန်လည်၍ မြင့်တက်လာသော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး သြင်္ကန်ပွဲတော်ကာလ နီးကပ် လာသည့်အတွက် အရောင်းအဝယ်အေးနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။     ''ယခု ဒီကာလက အရောင်းအဝယ်အေးတဲ့ ကာလပဲ။ နှစ်တိုင်း ဒီအချိန်ဆို အရောင်းအဝယ် သိပ်မရှိဘူး။ တချို့ဆိုင်ရှင်တွေဆိုရင် ဒီကာလမှာ ဆိုင်ပိတ်ပြီး အပန်းဖြေခရီးတောင် သွားကြတယ်။ အခုလက်ရှိလည်း ရွှေကဝယ်လိုအား ကျနေတယ်။ ဈေးကွက်က လည်း အေးနေတဲ့အချိန် ရောက်နေတယ်။ ပြည်တွင်း ရွှေဈေး နှုန်းကတော့ ကျပ်ခြောက်သိန်းအောက်မှာ ငြိမ်နေတယ်။ အတက်အကျ သိပ်မရှိဘူး၊ ဈေးပြောင်းလဲလည်း အလွန်ဆုံးနှစ်ထောင် သုံးထောင် ဝန်းကျင်ပဲ။ မြန်မာလူမျိုးတွေက သြင်္ကန်ပွဲတော်ဆိုရင် လှူဖို့တန်းဖို့ ကိုပိုပြီး အာရုံထားကြတယ်။ ရွှေဝယ်ဖို့ကို စိတ်မဝင်စားကြဘူး'' ဟု 0x158င်းက ပြောသည်။      ယခုလတ်တလော ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ယခင်က အမေ ရိကန် ဒေါ်လာ ၁ဝ၆၄ က ယခု ၁၁၂၃ သို့မြင့်တက် လာပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ အကယ်ဒမီအခေါက်တစ်ကျပ်သားလျှင် ၅၉၆ဝဝဝ ကျပ်၊ ၁၆ ပဲရည် တစ်ကျပ်သား လျှင် ၅၆၁ဝဝဝ ကျပ်ဝန်းကျင်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။                                                                                                                           မင်းသန့်