Main menu

Background

ကမ္ဘာ့ရွှေဈေးမြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးငြိမ်သက်

Sat, 03/06/2010 - 05:22 -- Anonymous (not verified)

     ယခုလတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ အပြောင်းအလဲ သိပ်မရှိဘဲ ဈေးငြိမ်လျက်ရှိတယ်လို့ ရွှေရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။      အဆိုပါ ရွှေရောင်းဝယ်သူတစ်ဦးက ပြောကြားရာတွင် ''အခုကမ္ဘာ့ရွှေဈေး ဘယ်လောက်ပြောင်းပြောင်း ပြည်တွင်းရွှေဈေးက လိုက် မတက်တော့ဘူး။ အခုဆို ပြည်သူတွေကလည်း မီဒီယာတွေကနေတစ်ဆင့် နားမျက်စိတွေပွင့်လာပြီ။ အရင်ကဆို ကမ္ဘာ့ရွှေဈေး တက်ရင် ကုန်သည်တစ်စုရဲ့ဈေးကစားမှုကြောင့် ပြည်တွင်း ရွှေဈေးကလိုက်ပြီး တက်တတ်တယ်။ အခုဆို ဈေးကွက်ထိန်းထားနိုင် တယ်လို့ပြောရမယ်။ ရွှေဈေးနှုန်း အတက်အကျပြောင်းလဲတယ်ဆိုတာက ရွှေတစ်ကျပ်သားကို ကျပ်တစ်သောင်းအထက် ဈေးပြောင်း လဲတယ်ဆိုမှ ပြောင်းလဲတယ်လို့ဆိုနိုင်တယ်။ အခုလက်ရှိ ရွှေဈေးကွက်အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အကောင်းကြီးလဲ မဟုတ် သလို အဆိုးကြီးလဲ မဟုတ်ပါဘူး။ လာမယ့်နှစ်သစ်ကူးပွဲတော် နီးကပ်လာရင်တော့အရောင်းအဝယ်ကောင်းမယ်လို့ ထင်ပါတယ်''ဟု ပြောကြားပါတယ်။     ယခုတစ်ပတ်အတွင်း ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးမှာ ယခင်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁ဝ၆၄မှ ယခုအခါ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၁၂၃ သို့ မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားကို ၅၉၉၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ပုံမှန်ခပ်ငြိမ်ငြိမ်ရှိနေကြောင်း သိရပါတယ်။                                                                       မင်းသန့်