Main menu

Background

ကားဈေးကျဆင်းနေသော်လည်း အရောင်းအဝယ်မရှိသလောက်နည်းပါး

Wed, 02/24/2010 - 05:16 -- Anonymous (not verified)

 ယခုလရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက်မှာ ယခင်အပတ်များ ထက် ဈေးကွက်အေးနေခဲ့ပြီး လေလံအရောင်းပွဲများဆက် လက်ရှိနေခြင်း၊ ကျန် ကာလမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကာလနှင့်လည်း တိုက်ဆိုင်နေ၍ ရန်ကုန် မြို့တွင်းရှိ ကားပွဲစားတန်းများတွင် လူဝင်လူထွက် ကားဝင်ကားထွက် ကဲျပါးခဲ့သည်။ရန်ကုန်မြို့တွင်း အပေါ်ဝိုင်း(ဟံသာဝတီဝိုင်း)ရှိ ဝယ်ရောင်းပုဂ္ဂိုလ်အများစုနှင့် အခြားသော ဝယ်ရောင်းပွဲစားအစုအဖွဲ့များမှာ ပိုမို၍ရက်စိပ်လာသော လေလံပွဲ များဘက်သို့ ခရီးထွက်နေ၍သော် လည်းကောင်း၊ အစိုးရရုံးပိတ်ရက်ကာလများနှင့် ဆက်စပ်နေသော တရုတ်နှစ်သစ်ကူးပွဲတော်ကာလအရ လည်းကောင်း၊ ဤကာလ သည် နှစ်တိုင်းအရောင်းအဝယ်ပါးသော ကာလဖြစ်သည်ဟုလည်း ဝါရင့်ဝယ်ရောင်း ပုဂ္ဂိုလ်များက ဆိုသည်။ဖေဖော်ဝါရီလ ၁၃ နှင့် ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များတွင်ပါရှိသော နေပြည်တော်တွင် ၂၄ ရက်နေ့ တင်ဒါဖွင့်မည့်ယာဉ် ၂၇ စီး (ဆိုင်ကယ်နှင့် ထော်လာဂျီသီးခြားပါဝင်) လေလံနှင့် နေပြည်တော်တွင်ပင်  ၂၅  ရက်နေ့ တင်ဒါဖွင့်လှစ်မည့်ယာဉ် ၁၄၂  စီးနှင့် ဆိုင်ကယ် ၇၈၃ စီး လေလံသတင်း တို့ကြောင့် လေလံပွဲများပြန်စိပ်လာသည်ဟု ကားဝယ်ရောင်းသမားများ သုံးသပ် ကြပြီး ပါဝင်သည့်ကားအမိုျးအစားနှင့် လေလံအောင်နိုင်မည့်ဈေး၊ ဈေးကွက်အတွင်း ပြန်ရောင်းနိုင်မည့်ဈေး စသည်ဖြင့် တွက်ချက်ပြီးမှသာ တက်ရောက်ကြသလို ယခု တစ်ခေါက်တွင် ဝယ်ရောင်းကြိုက်ကားရှားပါးသဖြင့် ဝယ်ရောင်းကောက်မည့်သူ နည်းပြီး အမှန်လိုအပ်သဖြင့် တက်ရောက် လေလံဆွဲမည့်သူ များနိုင်ကြောင်း သိရ သည်။လက်ရှိ ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေမှာ အကျဈေးဘက်သို့ ဦး တည်နေပြီး လွန်ခဲ့တဲ့ ခုနစ်နှစ်နီးပါးက ဈေးနီးနီးပင် ပြန်ရောက်လာကြောင်း ဝါရင့် ဝယ်ရောင်းပုဂ္ဂိုလ် ဦးစိန်မှပြောသည်။ ယခုဖြစ်နေသည့် ကားဈေးတန်းများမှာ အမှန် တကယ် ကားသုံးရန် လိုအပ်ပါက တကယ်ဝယ်ယူသင့်သည့်အခြေအနေ ဈေးတန်း တစ်ရပ်ဖြစ်သော်လည်း ဝယ်ယူသူများမှာ ကားဟောင်းများ (ဝိုင်းထဲတွင်ရှိသည့် ကားများ)ထက် ပြင်ဆင်ပြီး လေလံအောင်၍ အလဲအလှယ် အချိန်းပြုလုပ်ပြီးသည့် ကားများကိုသာ နှစ်ခြိုက်ကြကြောင်း၊ ယခုကဲ့သို့ကားဈေး လျင်မြန်စွာကျဆင်းရခြင်း မှာလည်း ဤအချက်ပါကြောင်း ယင်းမှ ပြောကြားသွားသည်။             SN