Main menu

Background

ကိတ်ဝင်းစလက် နဲ့ ဆမ်မန်းဒက်စ်

Wed, 03/24/2010 - 07:04 -- Anonymous (not verified)

   အော်စကာဆုရှင် စုံတွဲဖြစ်တဲ့ မင်းသမီးချော ကိတ်ဝင်းစလက်နဲ့ ရုပ်ရှင် ဒါရိုက်တာ ဆမ်မန်းဒက်စ်တို့ဟာ ၇ နှစ်ကြာ လက်တွဲခဲ့ကြ ခြင်းကို ရပ်တန့် ပြီး ကျောခိုင်း လမ်းခွဲကြပါပြီဟု မတ်လ ၁၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါပြီ။   မင်းသမီး ကိတ်ဝင်းစလက်ဟာ ၂ဝဝ၁ ခုနှစ်မှာ ပထမအိမ်ထောင် လက် ထောက်ဒါရိုက်တာ Jin Threapleton  နဲ့ လမ်းခွဲခဲ့ကြပြီး ၂ဝဝ၃ ခုနှစ်မှာ ဆမ်မန်းဒက်စ်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာကတည်းက ကိတ်ဝင်းစလက်ဟာ တစ်ဦးတည်း ပွဲတက် ခဲ့တာမို့ ဟောလိဝုဒ် သတင်းအသိုင်းအဝိုင်းတွေက သူမရဲ့ အိမ်ထောင်ရေးကို စိုးရိမ်ခဲ့ကြ ပါသေးတယ်။ အထူးသဖြင့် ဘာအသံမှမကြားရဘဲ ရုတ်တရက် လမ်းခွဲတဲ့ သတင်းပေါ်ထွက်လာတာဟာလည်း ဟောလိဝုဒ် သတင်း ရပ်ကွက် မှာ အံ့သြမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။   ကိတ်ဝင်းစလက်နဲ့ မန်းဒက်စ်တို့ မှာ သားတစ်ဦး ထွန်းကားခဲ့ပြီး၊ ကိတ် ဝင်းစလက်ရဲ့ ယခင်အိမ်ထောင်နဲ့ ကိုးနှစ်အရွယ် သမီးတစ်ဦး ရှိတယ်လို့ သိရပါ တယ်။