Main menu

Background

ကိုယ့်ကိုပေးတဲ့ကာရိုက်တာတစ်ခုကို အမိအရဖမ်းပြီး သရုပ်ဆောင်တဲ့ မိုးဟေကို

Tue, 02/09/2010 - 06:59 -- Anonymous (not verified)

မော်ဒယ်လိုင်းမှာရော သရုပ် ဆောင်လိုင်းမှာပါ အောင်မြင်မှုတွေ့ရရှိ နေတဲ့ မိုးဟေကိုတစ်ယောက်ကြော်ငြာ တွေလည်း လက်မလည်အောင်ရိုက်ကူးနေတာတွေ့ရပါ တယ်။ ကြော်ငြာရိုက် ကွင်းတစ်ခုမှာ မိုးဟေကိုနဲ့မေးဖြစ်ခဲ့တဲ့ မေးခွန်းလေးတွေ ကောမတ်စ်ပရိသတ် ဖော်ပြပေးလိုက် ပါတယ်- ကြော်ငြာရိုက်တာနဲ့ ရုပ်ရှင်ရိုက်တာ ဘယ်ဟာ ကြိုက်လဲ။ ကြော်ငြာကတော့ ပေါ့ပေါ့ပါးပါး သရုပ်ဆောင် ရတာပေါ့၊ ရုပ်ရှင်ရိုက်ရင်တော့ ဇာတ်လမ်းနဲ့အံဝင်ခွင်ကျ အောင် ခံစားရတော့ မတူဘူး၊ ကြော်ငြာက သွက်တာပေါ့။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကာရိုက်တာတွေကို ဘယ်လို ခံစားလဲ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုပေးတဲ့ ကာရိုက်တာတစ်ခုကို အမိအရဖမ်းပြီးသရုပ်ဆောင်ရတာပေါ့၊ ဥပမာပြောရရင်- ပန်းသည် တစ်ယောက်ဆိုရင် ကိုယ့်ကိုယ်ကို ပန်းရောင်းတဲ့ကောင်မလေးအဖြစ် ခံစား လိုက်တယ်၊ မိုးဟေကိုဆိုတာ မရှိတော့ ဘူး။ ဘယ်လိုဝတ်စားဆင်ယင်မှုမိုျး ကို ကြိုက်လဲ။ ရိုးရိုးလေးတွေကြိုက်တယ်၊ ဒါပေမဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် စုံအောင်ဝတ်ရတယ်။ အိမ်မှာနေရင် ဘယ်လို စတိုင်နဲ့ ဝတ်လဲ။ တီရှပ်နဲ့ဂျင်းဘောင်းဘီ အဝတ်များတယ်။ ရိုးရိုးနဲ့ လွတ်လပ်တဲ့ ပုံစံတွေပဲအိမ်မှာဝတ်တယ်။ သရုပ်ဆောင်အလုပ်တစ်ခုပဲလား၊ အခြား စီးပွား ရေးလုပ်ငန်းကို တွဲလုပ်ဖို့ရှိလား။ လောလောဆယ်တော့ သရုပ် ဆောင်အလုပ်ပဲ လုပ်တယ်၊ နောင်တော့ သေချာမပြော တတ်ဘူး။ သရုပ်ဆောင်ဘဝကို ဘယ်လောက်အထိ လုပ်မလဲ။ အချိန်ကာလ တစ်ခုအထိပေါ့။ ကိုယ် သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတာအထိပဲ။ အခုဘာကားရိုက်နေလဲ။ ဒါရိုက်တာဦးဒေါနရဲ့  ''ရင်ကို ထိချက်ပြင်းလွန်းတယ်'' ရိုက်နေတယ်၊ ကိုခန့်စည်သူနဲ့ပေါ့။