Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယအဝယ်ပြန်လိုက်လာ

Thu, 02/13/2014 - 06:47 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယဝယ် လက်အပြန်လိုက်လာတာကြောင့်ဈေးကွက်မှာနေ့စဉ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် မတ်ပဲ (RC) တစ်တန်ကို အနိမ့်ဆုံး ၆၀၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၀၀၀ ကျပ်အတွင်းတန်ချိန် ၂၀၀၀ ကျော်ခန့်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

မတ်ပဲအဟောင်းအနေဖြင့် ရောင်းသူကုန်သည်လက်ဝယ် မှာတန်ချိန် ၅ သောင်းကျော်ခန့်ကျန်ရှိနေသလို အိန္ဒိယဘက်မှ ဒီထက် ပိုပြီး အဝယ်သွက်လာပါက မတ်လလောက်မှာပစ္စည်းလက်ကျန်ပြတ်သွား နိုင်ကြောင်း၊ ဒါပေမယ့်အဲဒီလမှာတော့ မတ်ပဲ(သစ်)တွေ လှိုင်လှိုင် ဝင်ရောက်မှာဖြစ်လို့ ဈေးကွက်ကတော့ တောက်လျှောက်အရောင်း အဝယ်ရှိနေမှာပါလို့ ပဲကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ (RC) (သစ်)ကိုတော့ အိန္ဒိယဝယ်လက်က အရည်အသွေးအပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၅၉၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၉၆၀၀၀ ကျပ်ဈေးအတွင်း တန်၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။