Main menu

Background

မန္တလေးဈေးကွက်မှာ တရုတ်နှစ်ကူးပွဲအပြီး ပဲမျိုးစုံနှင့် နှမ်းရောင်စုံအရောင်း အဝယ်ပုံမှန်ဖြစ်

Thu, 02/13/2014 - 06:59 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော်အပြီး ပဲမျိုးစုံထဲမှ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲယင်းနှင့် ပဲလွန်းဖြူ၊ ပဲထောပတ်တို့က အရောင်းအဝယ်ဖြစ်မှု ပိုများလာကြောင်း လက်ကျန်ပဲကတော့ ကြိုကြားကြိုကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)က မန္တလေးဒေသ အနီးတစ်ဝိုက်မှ ဝင်ရောက်မှုများပြားလာသလို ရန်ကုန်ဝယ်လက်နှင့် လှောင်လက်တွေကလည်း ဝင်သလောက်အဆွဲသွက်ခဲ့ကြောင်း သိရ ပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၂၀ ကျပ်(တစ်တန် ကို ၅၆၃၃၉၈ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀၀ မှ ၇၀၀၀ ကြားဖြစ်ခဲ့ကြောင်းသိရပါတယ်။

မတ်ပဲ(သစ်)တွေဈေးကွက်ထဲစတင် ဝင်ရောက်လာပြီး တစ်ပိဿာကို ၉၄၂ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိခဲ့သလို ပဲခွဲစက်တွေကလည်း ဝယ် အားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကိုတော့ တရုတ်ဝယ် လက်က အရည်အသွေးအပေါ်မူတည်ပြီး  ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၆၅၃ ကျပ်(တစ်တန်ကို ၁၀၁၂၂၈၀ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ် (သစ်)အနေဖြင့် တရုတ်ဝယ်လက်က အရည်အသွေးအလိုက်အဝယ် ရှိပေမယ့် ရောင်းသူကုန်သည်များက ကြိုက်ဈေးမရလို့ အရောင်းနည်း ခဲ့ကြောင်း၊အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၇ ကျပ်(တစ် တန်ကို ၅၉၈၃၀၅ ကျပ်)ဈေးဖြင့် တစ်ရက်မှ အိတ် ၄၀၀ ခန့်သာဖြစ် ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူ(သစ်)ကိုတော့ တရုတ်ဝယ်လက် ကတစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးဖြင့် နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားသာအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နှင့် ဒေသတွင်းဆီစက်တွေက တရုတ် နှစ်ကူးအပြီး ဝယ်အားပြန်လိုက်လာပေမယ့် အဝယ်တော့သိပ်မသွက် သေးကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအ ဝယ်အနေဖြင့် နှမ်းဖြူ(ဂျပန်)တစ်ပိဿာ ၃၈၄၄ ကျပ်၊ နှမ်းညိုတစ် ပိဿာ ၃၀၀၀ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၇၇၈ ကျပ်၊ နှမ်းနက်စမုံ တစ်ပိဿာ ၄၀၀၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။