Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲ(သစ်)တွေကိုအဝင်ရှိသလောက် ရန်ကုန်အ ဆွဲပုံမှန်ရှိ၊ ပဲပုပ်နှင့် ပဲလွန်းဖြူဈေးအနည်းငယ်ဆင်း

Thu, 02/13/2014 - 07:05 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဟင်္သာတ အနီးတစ်ဝိုက်မှ ဈေးကွက်ထဲစတင်ဝင်ရောက်နေသလို ရန်ကုန်ဝယ် လက်ကလည်း ဝင်သလောက်ဝယ်အားရှိခဲ့ကြောင်း၊ အဖွင့်ဈေးက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒေသထွက်ပဲပုပ်(သစ်)ကို ရန်ကုန်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇၀၈၀ ကျပ်)ဈေးဖြင့်နေ့စဉ်အိတ်၂၅၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ပဲလွန်းဖြူကိုလည်းရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူ တည်ပြီးဝယ်ယူတာကြောင့်ဒီတစ်ပတ်မှာဈေး အနည်းငယ်ဆင်း လာပြီး တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးဖြင့် အိတ်အနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။