Main menu

Background

ရေစကြိုကုန်စည်ဒိုင်တွင် နှမ်းဖြူသန့်ဈေးကောင်းလျက်ရှိ

Wed, 05/23/2018 - 15:54 -- journal_editor

ယခုတစ်ပတ် ရေစကြို ကုန်စည်ဒိုင်တွင် မြေပဲဆန်ဈေး မှာအနည်းငယ်ကျလျက် မြေပဲနီလုံး ဆန်နီ(မြောင်) တစ်ပိဿာ လျှင် ကျပ်၂၃၀၀၊ ကျွန်းဆန် တစ်ပိဿာလျှင်ကျပ် ၂၁၀၀၊ S1 (မြေပဲဖြူလုံးဆန်)တစ်ပိဿာလျှင် ကျပ် ၂၄၀၀၊ M12 (မြေပဲ လုံးဆန်) တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှကျပ် ၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။

ပဲပိစပ်တစ်တင်းလျှင်ကျပ် ၉၀၀၀၊ ပဲလွန်းပြာ တစ် တင်းလျှင် ကျပ် ၁၄၀၀၀၊ ကုလားပဲ HL တစ်တင်းလျှင် ကျပ် ၂၀၅၀၀ ဖြင့် အိတ်၁၀၀ခန့် ၊ ကုလားပဲဖြူ လုံးကြီး V2 တစ်တင်း လျှင်ကျပ် ၂၁၀၀၀ ဖြင့် အိတ် ၁၀၀ ခန့်၊ ၉၂၉ကုလားပဲဖြူတစ်တင်း လျှင်ကျပ် ၂၁၀၀၀ ဖြင့် အိတ်၁၀၀ခန့် ၊ စွန်တာနီ တစ်တင်းလျှင် ကျပ် ၂၀၀၀၀၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ် ၂၂၇၀၀၊ပဲနီပြား တစ်တင်းလျှင် ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ ပဲတီစိမ်းတစ်တင်း လျှင် ကျပ် ၃၈၀၀၀ မှကျပ် ၃၈၅၀၀၊ ပဲကြီးတစ်တင်းလျှင် ကျပ် ၂၅၀၀၀ မှကျပ်၂၇၀၀၀၊ ပဲပုပ်တစ်တင်းလျှင် ကျပ် ၂၇၀၀၀ ၊ ထောဖြူ တစ်တင်းလျှင် ကျပ် ၃၃၀၀၀ဖြင့် အိတ် ၁၀၀ခန့် ၊ နှမ်းဖြူသန့် တစ်တင်းလျှင်  ကျပ်၄၂၀၀၀မှကျပ် ၄၅၀၀၀၊မတ်ပဲ တစ်တင်းလျှင် ကျပ် ၁၄၀၀၀ မှကျပ် ၁၅၀၀၀၊ ပြောင်းဖူးစေ့ (CP)ဈေးမှာ တစ်တင်းလျှင် ကျပ် ၁၀၅၀၀ ဈေးဖြင့်  အိတ် ၁၀၀၀ခန့်  အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ရေစကြိုကုန်စည် ဒိုင်မှသတင်းရရှိပါသည်။

 လှိုင်ဥမ္မာဦး(ပခုက္ကူ)