Main menu

Background

ရာဘာ၊ ပဲပုတ်နှင့် ရေချိုပုစွန်ထုပ် ဈေးမြင့်တက်လာသည့် မော်လမြိုင်ကုန်စည်ဒိုင်

Tue, 10/20/2020 - 14:41 -- journal_editor

၂၀၂၀ အောက်တိုဘာ ၁၉ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၅၀၊ ၁၀၈ ပေါင် (ဆန်သား၉၀%)ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၈၆၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာ ငါးဒန် ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၃၀၀၊ ငါးဖားမ ကျပ် ၂၅၀၀၊ တီလားဗီးရား ကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၅၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၇၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၈၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၂၀၀၀ မှ ၃၀၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၇၀၀၀ မှ ၉၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ရာဘာတစ်ပေါင် (၅၀)ကျပ်နှင့် ပဲမျိုးစုံမှ ပဲပုတ် တစ်တင်း(၁၀၀၀)ကျပ် ဈေးမြင့်တက်နေပြီး မတ်ပဲတစ်တင်း(၄၀၀)ကျပ် ဈေးကျနေကြောင်း၊ ဆန်နှင့်သစ်သီးဝလံများ ဈေးနှုန်းတည်ငြိမ်နေပြီး ရေထွက်ကုန်အများစု ဈေးနှုန်းတည်ငြိမ်နေ သော်လည်း အမျိုးအစား/အရွယ်အစားနှင့် ဝယ်လိုအားကြောင့် ရေချိုပုစွန်ထုပ်ဈေးနှုန်း အနည်း ငယ်မြင့်တက်လာကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

 

 

                                                                                      ဝင်းမြတ်

                                                                          ရာမညကုန်သွယ်မှုဗဟိုဌာန