Main menu

Background

ပြည်ကုန်စည်ဒိုင် ပဲဈေးနှုန်းဈေးကွက် အခြေအနေ

Thu, 09/22/2022 - 14:24 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဗိုလ်ကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။စက်တင်ဘာပထမပတ်တွင် မတ်ပဲဈေး ပိုတက်လာပြီး ပဲတစ်တင်း ကို ကျပ် ၆၇၀ဝ၀-၆၇၅၀ဝ-၆၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ပဲတစ်တင်းဈေးမှာ ယခင်နှစ် စက်တင်ဘာလဈေးနှင့်  နှိုင်းယှဉ်လျှင် ပိုမြင့်နေကြောင်း သိရသည်။ 
ပြည်ကုန်စည်ဒိုင်တွင် သြဂုတ်လနောက်ဆုံးပတ်မှစ၍ ပဲစင်းငုံဈေး တက်လာပြီး စက်တင်ဘာလပထမပတ်တွင် ပဲတစ်တင်းကို ကျပ် ၆၆၀ဝ၀၊ ၆၆၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝခန့် အရောင်း အဝယ်ဖြစ်သည်။ စက်တင်ဘာလပထမပတ်တွင် ကုလားပဲ(ူံ)တစ်တင်း ကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၅၅၀ဝ-၆၆၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ၊ ၃၅၀ခန့် အဝယ်ရှိသည်။ တစ်ခါတစ်ရံ နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် တင်ပို့မှုရှိသည်။
စက်တင်ဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)  တစ်တင်းကို ကျပ် ၈၀ဝ၀ဝ ပဲကြီး(ကမ်းနား) တစ်တင်းကို ကျပ် ၇၃၀ဝ၀-၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိပြီး တစ်ရက် ကို အိတ် ၂၅၀၊ ၃၀ဝခန့် အရောင်းအဝယ်ဖြစ်သည်။ တစ်ခါတစ်ရံ ရန်ကုန် အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝ ခန့် တင်ပို့မှုရှိသည်။စက်တင်ဘာလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၁၂၈၀ဝ၀-၁၂၉၀ဝ၀-၁၃၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်ရှိပြီး တစ် ရက် ကို အိတ် ၁၀ဝ၊ ၂၀ဝခန့် အဝယ်ရှိသည်။ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက ယခုနှစ်ဈေးက ပိုကောင်းကြောင်း သိရသည်။ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ် တင်းကို ကျပ် ၄၃၀ဝ၀ ဖြင့် မြို့တွင်းရောင်းဝယ်မှုရှိပြီး တစ်ရက်ကို အိတ် ၅၀၊ ၁၀ဝ ခန့် အဝယ်ရှိသည်။