Main menu

Background

ပြည်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများ

Wed, 09/28/2022 - 14:10 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ် လျက်ရှိပြီး ပြည်ပသို့တင်ပို့သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အရောင်းအဝယ်အေးလျက်ရှိသည်။ စားတော်ပဲ၊ ဗိုလ်ကိတ်ပဲ၊ ပဲကြီးသီးနှံများမှာ အရောင်းအဝယ် ပုံမှန်ဖြစ် လျက်ရှိသည်။ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာလ  ဒုတိယပတ်၌ မတ်ပဲ တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ-၆၇၀ဝ၀-၆၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်ကို  အိတ် ၁၅၀၊ ၂၀ဝ ခန့်   အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  စက်တင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၆၇၀ဝ-၆၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။စက်တင်ဘာလ  ဒုတိယပတ်တွင်  ပဲစင်းငုံတစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၇၀ဝ၀ ဖြင့် အရောင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝခန့် အဝယ်ရှိသည်။ စက်တင်ဘာလတတိယ ပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၇၀ဝ၀ ဖြင့် အရောင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် ရန်ကုန်တင်ပို့မှု ရှိသည်။စက်တင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်း ကို ကျပ် ၆၈၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို  ကျပ် ၆၈၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝခန့် အဝယ်ရှိသည်။ တတိယပတ်တွင် ကုလားပဲဈေး ပြန်ကျပြီး ကုလားပဲ (HL)တစ်တင်းကို ကျပ်  ၆၆၅၀ဝ၊  ၆၇၀ဝ၀၊  ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၆၅၀ဝ - ၆၇၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမား နှင့် နယ်စုံအရောင်းအဝယ်ဖြစ်လျက်ရှိသည်။
စက်တင်ဘာလ  ဒုတိယပတ်တွင်  ပဲကြီး  (ရွှေကျွန်း)တစ်တင်းကို ကျပ် ၈၀ဝ၀ဝ-၈၂၀ဝ၀၊ ပဲကြီး(ကမ်းနား)တစ် တင်းကို ကျပ် ၇၅၀ဝ၀-၇၇၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိ၍ တစ်ရက်ကို အိတ် ၃၀ဝ ခန့်အဝယ်ရှိသည်။ စက် တင်ဘာလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ကျပ် ၈၀ဝ၀ဝ-၈၂၀ဝ၀ ၊ ပဲကြီး (ကမ်းနား) တစ်တင်းကို ကျပ် ၇၅၀ဝ၀-၇၇၀ဝ၀ ဖြင့် ဈေးအေးနေပြီး မြို့တွင်း ပဲကြော်သမား များ အဝယ်ရှိသည်။စက်တင်ဘာလ  ဒုတိယပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၃၅၀ဝ၀ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ် ရက်ကို အိတ် ၁၀ဝ၊ ၁၅၀ ခန့် အဝယ်ရှိသည်။ တတိယပတ်တွင် စားတော်ပဲ ဈေးအေးနေပြီး ပဲတစ်တင်းကို ကျပ် ၁၃၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင်တွင် စက်တင်ဘာလ ဒုတိယပတ်၌ ဗိုလ်ကိတ် တစ်တင်းကို ကျပ် ၄၃၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၅၀၊ ၁၀ဝ ခန့် အဝယ်ရှိသည်။ တတိယပတ်တွင် ဗိုလ်ကိတ်တစ် တင်းကို ကျပ် ၄၃၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိသည်။
မိမိအေး(ပြည်)