Main menu

Background

တောင်တွင်းကြီးမြို့ ကုန်စည်ဒိုင်တွင် နှမ်းဈေး ထပ်မံမြင့်တက်လာ

Wed, 09/28/2022 - 14:44 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်၌ စက်တင်ဘာ ၁၂ ရက်တွင်  စမုံနှမ်းနက် ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀၊ ရိုးရိုးနှမ်းပြာ ၁၅ ပိဿာ တစ်တင်း လျှင် ကျပ် ၈၃၀ဝ၀၊ နှမ်းနီ ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ ဈေး တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် စမုံနက် တစ်တင်း လျှင် ကျပ် ၆၀ဝ၀၊  ရိုးရိုးနှမ်းပြာ တစ်တင်းလျှင် ကျပ် ၁၀ဝ၀၊ နှမ်းနီ တစ်တင်း လျှင် ကျပ် ၁၀ဝ၀ ဈေးမြင့်တက်လျက်ရှိပြီး တစ်ရက်လျှင် နှမ်းမျိုးစုံ တစ်တင်း ခွဲအိတ် ၁၆၀ဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်း အရ သိရသည်။                                                        
 ဌေးဌေး (တောင်တွင်း)