Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Wed, 10/12/2022 - 11:48 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်း များမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲဈေးနှုန်းမှာ ပိုကောင်းလျက်ရှိသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၌  ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တို ဘာလ  ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ-၆၀၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခန့်ပိုခဲ့သည်။ တစ်ရက်ကိုရန်ကုန် အဝယ် အိတ် ၂၀ဝ၊ ၂၅၀ ခန့်သာရှိပြီး  အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ပဲစင်းငုံ
ယခင်နှစ် အောက်တိုဘာလတွင် ပဲစင်းငုံဈေး တစ်တင်း လျှင် ကျပ် ၄၃၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၁၅၀၊ ၂၀ဝ ခန့်သာ အရောင်းအဝယ်ရှိခဲ့ပြီး  ယခုနှစ်  အောက်တိုဘာလတွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၆၁၀ဝ၀ ရှိခဲ့သည်။ ယခင်နှစ်ထက် ပဲတစ်တင်းကို ၁၈၀ဝ၀ ကျပ်ခန့် ပိုခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု မှာ တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်၌ ယခင်နှစ်  အောက်တိုဘာလတွင် ကုလားပဲသီးနှံဈေးနှင့် ယခုနှစ် ကုလားပဲသီးနှံဈေး နှိုင်းယှဉ် ကြည့်လျှင် တစ်တင်းကို ကျပ် ၁၅၀ဝ၀ ခန့် ဈေးပိုခဲ့ကြောင်း သိရသည်။ ယခင်နှစ် အောက်တိုဘာလတွင် ကုလားပဲ (HL)တစ်တင်းကို ကျပ် ၄၅၀ဝ၀ ဖြစ်ခဲ့ပြီး ယခုနှစ် အောက်တိုဘာ လတွင် ကုလားပဲ(HL) တစ်တင်းကို ကျပ် ၆၀ဝ၀ဝ ဖြင့် အောက် တိုဘာလ ပထမပတ်တွင် တစ်ရက်ကိုအိတ် ၂၀ဝ၊ ၃၀ဝ ခန့် ခွဲစက်သမားများနှင့် မြို့တွင်း အဝယ် ရှိခဲ့သည်။
ပဲကြီး
ပဲကြီးသီးနှံမှာ ယခင်နှစ် အောက်တိုဘာလတွင် ပဲကြီး (ကမ်းနား) တစ်တင်းကို  ကျပ် ၄၂၀ဝ၀ ကျပ်ဖြစ်ပြီး ယခု အောက်တိုဘာလ ပထမပတ်တွင်ပဲကြီး(ကမ်းနား) တစ်တင်း ကို ကျပ် ၇၇၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ် ရှိကာ တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝခန့် အဝယ်ရှိခဲ့သည်။ ယခင်နှစ် နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို ကျပ် ၃၅၀ဝ၀ ခန့် ဈေးပိုရခဲ့ကြောင်း သိရသည်။
စားတော်ပဲ
ယခင်နှစ် အောက်တိုဘာလတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၆၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၁၀ဝ ခန့်သာ အဝယ်ရှိခဲ့သည်။ ယခုနှစ် အောက်တို ဘာလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၃၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။ ယခင်နှစ် အောက်တို ဘာလနှင့် ယခုနှစ်ဈေးက တစ်တင်းကို ကျပ် ၇၀ဝ၀ဝ ခန့် ပိုကောင်းခဲ့သည်။
ဗိုလ်ကိတ်
ဗိုလ်ကိတ်ပဲဈေးမှာ ယခင်နှစ်  အောက်တိုဘာလတွင် ပဲတစ်တင်းကို  ကျပ် ၃၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုနှစ် အောက်တိုဘာလ ပထမပတ်မှာ ဗိုလ်ကိတ်ပဲ တစ်တင်း ကို ကျပ် ၄၂၀ဝ၀ ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ သည်။ ပြည်ကုန်စည်ဒိုင်၏ ယခုနှစ် အရောင်းအဝယ်ဖြစ်မှုမှာ ယခင်နှစ်ကထက် ပိုကောင်းခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း၊ မိမိအေး(ပြည်)