Main menu

Background

မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံနှင့် မြေပဲလုံးဆန်များ ဈေးမြင့်လာ

Wed, 10/26/2022 - 15:47 -- journal_editor

အောက်တိုဘာလ ဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ ပဲအသစ်များ ဝင်ရောက်မှုမရှိဘဲ လက် ကျန် လှောင်လက်ပဲများသာ အရောင်း အဝယ်ဖြစ်နေပြီး မတ်ပဲနှင့်ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံမှဝယ်ယူမှုရှိနေ၍ မျိုးပဲ များ အရောင်းအဝယ် သွက်နေကြောင်း၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် မြင့်တက်လာပြီး ကျန်ပဲများမှာ ဈေး အေးနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။မတ်ပဲ ပိဿာ ၆၀ ဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၇၇၀ဝ၀ မှ ၁၇၈၀ဝ၀  ဈေးရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ မြင့်တက်လာကာ ယခင်လထက် ကျပ် ၁၈၀ဝ၀ မှ ၂၀ဝ၀ဝ ကျဆင်းခဲ့ သည်။ပဲစင်းငုံ(နီ)   ပိဿာ ၆၀ ဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၁၈၅၀ဝ၀ မှ ၁၈၆၀ဝ၀ ဈေး ရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ မြင့်တက်လာကာ ယခင်လထက် ကျပ် ၂၀ဝ၀ မှ ၉၀ဝ၀ ကျဆင်းခဲ့သည်။ပဲတီစိမ်း(အညာ) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၃၀ဝ၀ဝ မှ ၁၄၅၀ဝ၀ ဈေးရှိခဲ့ပြီး ယခင်တစ်ပတ် ထက် ကျပ် ၃၀ဝ၀၊ ယခင်လထက် ကျပ် ၅၀ဝ၀ မှ ၁၅၀ဝ၀ ကျဆင်းခဲ့သည်။မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းဝင် တစ်အိတ်လျှင် ယခုတစ် ပတ်တွင် ကျပ် ၂၃၀ဝ၀ဝ မှ၁၄၀ဝ၀ဝ ဈေးရှိခဲ့ပြီး  ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေကာ  ယခင်လထက် ကျပ် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ကျဆင်းခဲ့သည်။မန္တလေး ကုန်စည်ဒိုင်သို့ နွားထိုးကြီး၊ စစ်ကိုင်း၊ ဝက်လက်၊ အောင်လံ၊မြင်းမူဘက်မှ မြေပဲဆန်အသစ်များ  ဝင်ရောက်နေပြီး တရုတ် ဝယ်လက်မှ မြေပဲလုံးဆန်(ဖြူ)နှင့် မြေပဲလုံးဆန်နီများ ဝယ်ယူမှုရှိနေ ၍ ယခင်တစ်ပတ်ထက် ဈေးမြင့်တက် လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာ ဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၆၀ဝ၀ မှ ၆၂၀ဝ ဈေးရှိခဲ့ပြီး ယခင်တစ်ပတ် ထက် ကျပ် ၅၀ဝ မှ ၁၀ဝ၀ မြင့်တက်လာ ကာ ယခင်လထက်ကျပ် ၅၀ဝ မှ ၆၀ဝ ကျဆင်းခဲ့သည်။မြေပဲလုံးဆန်(အနီ) တစ်ပိဿာ ဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၆၃၀ဝ မှ ၆၄၀ဝ ဈေးရှိခဲ့ပြီး ယခင်တစ်ပတ် ထက်ကျပ်၄၀ဝမှ၁၃၀ဝ မြင့်တက်လာကာယခင်လထက် ကျပ် ၄၀ဝ ကျဆင်း ခဲ့သည်။ မြေပဲ(ဆီဆန်) တစ်ပိဿာဈေး မှာ ယခုတစ်ပတ်တွင် ကျပ် ၄၈၀ဝ မှ ၅၅၀ဝ  ဈေးရှိပြီး  ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ် နေကာ ယခင်လ ထက်ကျပ် ၃၀ဝ မှ ၇၀ဝ ကျဆင်းခဲ့သည်။ မြေပဲဆန်  အမျိုးအစားလိုက် ယခင်တစ်ပတ်ထက် ကျပ် ၄၀ဝ မှ ၁၃၀ဝ မြင့်တက်လာကြောင်း တွေ့ရသည်။

မြင့်မြင့်လှိုင်  
(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)