Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲဈေးနှုန်း ဈေးကွက်

Wed, 11/02/2022 - 15:49 -- journal_editor

ပြည်ကုန်စည်ဒိုင် တွင် ပဲအမျိုးအစားအလိုက် ဈေးများမှာ အောက်တို ဘာလ ဒုတိယပတ်တွင် ပဲဈေးများကျနေပြီး တတိယပတ်တွင် ပဲဈေးများပြန် တက်လာသည်ကို တွေ့ရသည်။ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ် တွင် မတ်ပဲတစ် တင်းကို ကျပ် ၅၉၅၀ဝ-၆၀ဝ၀ဝ ဖြင့် တစ်ရက်ကို အိတ် ၁၀ဝ၊  ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။အောက်တိုဘာလ  တတိယပတ်တွင် မတ်ပဲဈေးတက်လာပြီး တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၂၃၀ဝ ဖြင့် ရန်ကုန် ဝယ်လက်အဝယ်ရှိသည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်များဝင်စပြုနေပြီး ပန်းတောင်း၊ကံမဘက်မှ တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝင်ရှိသည်။ ပဲတီစိမ်းတစ် တင်းကို ကျပ် ၄၅၀ဝ၀-၄၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး လှောင် သမားများနှင့် မန္တလေးအဝယ်ရှိ၍ တစ်ရက်ကို အိတ် ၁၀ဝ၊၂၀ဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။အောက်တိုဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၂၀ဝ၀ ဖြင့် ရန်ကုန်သို့ တစ်ရက်ကိုအိတ် ၂၀ဝ၊ ၃၀ဝခန့် တင်ပို့မှု ရှိ သည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၆၃၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝ ခန့် ရန်ကုန်မှ အဝယ်ရှိသည်။ကုလားပဲသီးနှံဈေးမှာ အောက်တိုဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL)တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၃၀ဝ၀၊ကုလားပဲ (မြကြေးမှုံ)တစ်တင်းကိုကျပ် ၆၃၀ဝ၀-၆၄၀ဝ၀ ဖြင့် ခွဲစက်သမားများနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိပြီးတစ်ရက်ကိုအိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်သည်။အောက်တိုဘာလတတိယပတ်တွင် ကုလား ပဲဈေးတက်လာပြီး ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၄၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၄၅၀ဝ ဖြင့် ခွဲစက်သမားများ အဝယ်ရှိသည်။အောက်တိုဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၅၀ဝ၀ ၊ ပဲကြီး(ကမ်းနား) တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ-၇၁၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများတစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝ ခန့် အဝယ်ရှိသည်။အောက်တိုဘာလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၅၂၀ဝ၊ ပဲကြီး(ကမ်း နား)တစ်တင်းလျှင် ကျပ် ၇၁၀ဝ၀-၇၂၀ဝ၀ ဖြင့်မြို့တွင်း ပဲကြော်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၅၀ ခန့် အဝယ်ရှိ သည်။ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်း ကို ကျပ် ၁၂၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိသည်။ အောက်တိုဘာလတတိပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၂၀ဝ၀ဝ-၁၂၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိသည်။အောက်တိုဘာလ ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲ  တစ်တင်းကို ကျပ် ၄၁၀ဝ၀-၄၂၀ဝ၀ ဖြင့်မြို့တွင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၅၀ ခန့်သာ အဝယ်ရှိသည်။ တတိယပတ်တွင် ဗိုလ်ကိတ်ပဲ ဈေးအေးနေပြီး တစ်တင်းကို ကျပ် ၄၁၀ဝ၀-၄၂၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်ရှိခဲ့သည်။ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သောပဲများမှာ အရောင်း အဝယ် အေးလျက်ရှိပြီး မြို့တွင်းရောင်းဝယ်မှုရှိသော ပဲများမှာ အရောင်းအဝယ်သွက် လျက်ရှိကြောင်း သိရသည်။
မိမိအေး(ပြည်)