Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင် ဈေးနှုန်းဈေးကွက်

Fri, 11/11/2022 - 12:16 -- journal_editor

မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာ  RSS-3  မှိုင်းခံပြားတစ်ပေါင် ကျပ် ၁၂၀ဝ၊ ဒေသထွက် ၁၀၈ ပေါင် ဆန်တစ်အိတ် (အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ် ၄၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၅၀ဝ၀ဝ၊ ပေါ်ဆန်း ကျပ် ၅၇၅၀ဝ၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်း ပဲတီစိမ်း ကျပ် ၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၅၇၅၀ဝ၊ ပဲလွမ်းဖြူ ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ် ၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၆၁၀ဝ၀၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၆၀ဝ မှ ၁၈၀ဝ၊ ကျွဲကောသီးအဖြူ ကျပ် ၆၀ဝ မှ ၁၀ဝ၀၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်း ငါးတန် ကျပ် ၂၂၀ဝ၊ ငါးမြစ်ချင်း ကျပ် ၄၁၀ဝ၊ တီလားဗီးရား ကျပ် ၇၃၀ဝ၊ ကင်းမွန်ကျပ် ၁၈၀ဝ၀ ၊ ကကတစ် ကျပ် ၁၃၀ဝ၀၊ ငါးကွန်းရှပ် ကျပ် ၈၃၀ဝ၊ ငါးပုတ်သင်(ငါးဗျက်) ကျပ် ၇၀ဝ၀၊ ပုစွန်ပျော့ ကျပ် ၁၃၀ဝ၀ မှ ၂၀ဝ၀ဝ၊ ရေချိုပုစွန်တုပ်(စိမ်း) ကျပ် ၂၀ဝ၀ဝ မှ ၅၅၀ဝ၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ပါက၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းတွင် ပဲအများစု ဈေးနှုန်းပြောင်းလဲမှု မရှိသော် လည်း မတ်ပဲတစ်တင်းလျှင် ကျပ် ၂၀ဝ၀  ဈေးနှုန်းကျဆင်းနေကြောင်း၊ သစ်သီးဝလံဈေးနှုန်း တည်ငြိမ်နေပြီး ရေထွက်ကုန် အများစု ဈေးနှုန်းကျဆင်းနေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။
ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)