Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေ

Mon, 11/28/2022 - 14:15 -- journal_editor

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလတွင်  ပဲအရောင်းအဝယ်များ ဖြစ် လျက်ရှိပြီး မတ်ပဲဈေးမှာ အတက်အကျရှိကာ ကျန်ပဲဈေးများမှာအေးလျက် ရှိကြောင်း သိရသည်။
ပြည်ကုန်စည်ဒိုင်၌ နိုဝင်ဘာလပထမပတ် မတ်ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀-၅၉၀ဝ၀-၅၉၅၀ဝဖြင့် တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝခန့် အဝယ်ရှိ သည်။ နိုဝင်ဘာဒုတိယပတ်တွင် မတ်ပဲ တစ်တင်းကို ကျပ် ၆၀၂၀ဝ- ၆၀၅၀ဝ ဖြင့် ဈေးအနည်းငယ်တက်လာပြီး ရန်ကုန်အဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်များ အဝင်လှိုင်နေပြီး တစ်ရက်ကို အိတ် ၆၀ဝ၊ ၇၀ဝခန့် အဝင်ရှိသည်။ နိုဝင်ဘာပထမပတ်တွင် ပဲတီစိမ်းတစ် တင်းကို ကျပ် ၄၅၀ဝ၀-၄၅၅၀ဝ-၄၇၅၀ဝ ဖြင့် ဝင်သလောက်အရောင်းအဝယ် ရှိပြီး တစ်ရက်ကို  အိတ် ၆၀ဝ၊ ၇၀ဝ ခန့် ရန်ကုန်နှင့် မန္တလေး ဝယ်လက် အဝယ်ရှိသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ကျပ် ၄၆၀ဝ၀-၄၆၅၀ဝ-၄၈၀ဝ၀-၄၉၀ဝ၀ ထိ ဈေးမြင့်လာပြီး ရန်ကုန်၊ မန္တလေး ဝယ်လက် တစ်ရက်ကိုအိတ် ၆၀ဝ၊ ၇၀ဝ ခန့် တင်ပို့သည်။
ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲသီးနှံဈေးမှာ နိုဝင်ဘာလ ပထမပတ် တွင် ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၃၀ဝ၀-၆၄၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၃၀ဝ၀-၆၄၀ဝ၀ ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝခန့် အရောင်းအဝယ်ဖြစ်သည်။ နိုဝင်ဘာလ ဒုတိယပတ်မှာ ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၄၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၄၅၀ဝ-၆၅၀ဝ၀ ဖြင့် အရောင်း အဝယ်တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝခန့် အဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလပထမပတ်တွင် ပဲစင်းငုံ တစ်တင်း ကို ကျပ် ၆၁၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၁၀ဝ ခန့် ရန်ကုန်အဝယ်ရှိသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၅၉၀ဝ၀-၆၁၀ဝ၀ ဖြင့် ဈေးအေးနေပြီး ရန်ကုန်အဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင်တွင်  နိုဝင်ဘာလ ပထမပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို ကျပ် ၄၀ဝ၀ဝ-၄၂၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀ ခန့် အဝယ်ရှိသည်။ နိုဝင်ဘာ  ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းကို ကျပ် ၄၂၀ဝ၀-၄၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့လည်း တစ်ရက် ကို အိတ် ၅၀၊ ၁၀ဝ ခန့် တင်ပို့သည်။ 
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲမှာ အရောင်းအဝယ် ပုံမှန်သာရှိပြီး ပဲတီစိမ်းသီးနှံနှင့် ကုလားပဲ၊ ပဲကြီး သီးနှံများ သည် မြို့တွင်းအရောင်းအဝယ်ရှိသောပဲများမှာ အဝယ်သွက်လျက်ရှိသည်။
မိမိအေး(ပြည်)