Main menu

Background

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဈေးကျနေ

Thu, 12/08/2022 - 10:36 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးများမှာ နိုဝင်ဘာလ  တတိယပတ်၌ ပဲဈေးတက်နေပြီး စတုတ္ထပတ်တွင် ဈေးကျလျက်ရှိကြောင်း သိရသည်။ပြည်ကုန်စည်ဒိုင်တွင်  မတ်ပဲတစ်တင်းဈေးမှာကျပ် ၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝယ်ရှိသည်။ နိုဝင်ဘာလစတုတ္ထပတ်မှာ မတ်ပဲ ဈေးကျပြီး ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀-၅၇၀ဝ၀-၅၆၅၀ဝ တို့ဖြင့်  ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝယ်ရှိသည်။
နိုဝင်ဘာလ တတိယပတ်မှာ ပဲတီစိမ်းသီးနှံထိပ်စ တစ် တင်းလျှင် ကျပ် ၄၇၅၀ဝ-၄၈၅၀ဝ ဖြင့် ရန်ကုန်နှင့် မန္တလေး အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၆၀ဝ-၇၀ဝ ခန့် တင်ပို့သည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်း(ရိုးရိုး) တစ်တင်းကို ကျပ် ၄၇၀ဝ၀ ၊ ထိပ်စတစ်တင်းကို ကျပ် ၄၈၀ဝ၀ ဖြင့် မန္တလေး အဝယ်ရှိခဲ့သည်။
ပဲစင်းငုံတစ်တင်းကို  နိုဝင်ဘာလ တတိယပတ်တွင် ကျပ် ၅၉၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝခန့် အဝယ်ရှိခဲ့သည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၅၉၀ဝ၀ ဖြင့် ဈေးအေး နေခဲ့ပြီး အရောင်းအဝယ်လည်း အေးနေခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်၌ နိုဝင်ဘာလ  တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ကျပ်  ၆၃၀ဝ၀-၆၄၀ဝ၀ ဖြင့် မြို့တွင်း ခွဲစက်သမားများ တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် အဝယ်ရှိသည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဈေး ကျလာပြီး ကုလားပဲ (HL) တစ်တင်းကို  ကျပ် ၆၁၀ဝ၀-၆၁၅၀ဝ-၆၂၀ဝ၀ ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၁၀ဝ၀-၆၁၅၀ဝ-၆၂၀ဝ၀ တို့ဖြင့် မြို့တွင်း ရန်ကုန်အဝယ်နှင့် နယ်စုံ တင်ပို့မှုရှိပြီး တစ်ရက်ကို အိတ် ၃၀ဝ-၃၅၀ခန့် အဝယ် ရှိသည်။
နိုဝင်ဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၁၁၀ဝ၀ဝ-၁၁၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀-၁၀ဝ ခန့် အဝယ်ရှိသည်။စတုတ္ထပတ် တွင် စားတော်ပဲ(ကျွန်း)ပဲတစ်တင်းကို ကျပ်၁၁၂၀ဝ၀ ဖြင့် မြို့ တွင်း အဝယ်ရှိခဲ့သည်။
ဗိုလ်ကိတ်ပဲ တစ်တင်းကို နိုဝင်ဘာလ တတိပတ်တွင် ကျပ် ၄၂၀ဝ၀-၄၃၀ဝ၀ ဖြင့် တစ်ရက်ကို အိတ်၅၀ခန့် မြို့တွင်း အဝယ်ရှိခဲ့သည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဗိုလ်ကိတ်ပဲ ဈေးကျပ် ၄၂၅၀ဝ-၄၃၀ဝ၀ ဖြင့် ဈေးတက်နေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၅၀-၁၀ဝခန့် အဝယ်ရှိခဲ့ သည်။
ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သော  ပဲများသာ အရောင်းအဝယ် ပုံမှန်ရှိပြီး မြို့တွင်းအဝယ်ရှိသော ပဲများမှာ အဝယ်သွက်လျက်ရှိကြောင်း သိရသည်။
မိမိအေး(ပြည်)