Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင် ဈေးနှုန်းဈေးကွက်

Fri, 12/09/2022 - 12:20 -- journal_editor

နိုဝင်ဘာ ၃၀ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာRSS-3 မှိုင်းခံပြားတစ်ပေါင် ကျပ် ၁၁၅၀၊ဒေသထွက် ၁၀၈ပေါင် ဆန်တစ်အိတ်(အနိမ့်)ဈေးနှုန်း ဧည့်မထ ကျပ် ၄၃၀ဝ၀၊ ပေါ်ကျွဲကျပ် ၅၁၀ဝ၀၊ ပေါ်ဆန်း ကျပ် ၅၈၅၀ဝ၊ ၂၀ ပိဿာဝင်  ပဲတစ်တင်းဈေးနှုန်း များမှာ ပဲတီစိမ်း ကျပ် ၄၁၀ဝ၀၊ မတ်ပဲကျပ် ၅၆၅၀ဝ၊ ပဲလွမ်းဖြူ ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ် ကျပ် ၃၉၀ဝ၀၊ ပဲပုပ် ကျပ် ၅၃၅၀ဝ၊ မြေပဲ ကျပ်၁၀၅၀ဝ၀၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၆၀ဝ မှ ၁၈၀ဝ၊ ကျွဲကောသီးအဖြူ ကျပ် ၆၀ဝ မှ ၁၀ဝ၀၊ ရေထွက်ကုန်  တစ်ပိဿာဈေးနှုန်း ငါးတန် ကျပ် ၃၃၀ဝ၊ ငါးမြစ်ချင်း ကျပ် ၅၀ဝ၀၊ တီလားဗီးရား ကျပ် ၈၃၀ဝ၊ ကင်းမွန် ကြီး ကျပ် ၂၁၀ဝ၀ ၊ ကကတစ် ကျပ်၁၃၃၀ဝ၊ ငါးကွန်းရှပ် ကျပ်၁၃၀ဝ၀၊  ငါးပုတ်သင် (ငါးဗျက်) ကျပ် ၆၅၀ဝ၊ ပုစွန်ပျော့   ကျပ် ၁၃၀ဝ၀ မှ ၂၀ဝ၀ဝ၊ ရေချိုပုစွန်တုပ်(စိမ်း) ကျပ် ၂၀ဝ၀ဝ မှ ၅၅၀ဝ၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ယခင်တစ်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက   ရော်ဘာRSS-3 မှိုင်းခံပြားတစ်ပေါင် ၂၀ ကျပ် ဈေးတက်လာပြီး ၁၀၈ ပေါင်ဆန် တစ်အိတ်ဈေးနှုန်းနှင့်   သစ်သီးဝလံဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ၂၀ ပိဿာဝင်  ပဲတစ်တင်းဈေးနှုန်းတွင် ပဲအများစုဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း မတ်ပဲ တစ်တင်း ကျပ် ၅၀ဝ နှင့် ပဲပုပ်တစ်တင်း  ကျပ် ၂၅၀ဝ  ဈေးနှုန်း ကျဆင်းနေကြောင်း၊ ရေထွက်ကုန်အများစုမှာ အမျိုးအစား၊ အရွယ်အစားနှင့် ငါးလက်ကျန်အပေါ်   မူတည်၍ ဈေးနှုန်း အတက်/အကျ အနည်းငယ်ဖြစ်ပေါ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။
ဝင်းမြတ်(ရာမညကုန်သွယ်မှုဗဟိုဌာန)