Main menu

Background

တညင်းကုန်း လက်ကားဈေးကြီး၌ ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်း အခြေအနေ

Sat, 02/04/2023 - 23:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ် တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ) ကျပ် ၁၆၀ဝ မှ ၂၄၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၄၀ဝ မှ ၁၅၀ဝ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀ဝ မှ ၁၈၀ဝ အတွင်း၊  အာလူး (ပိဿာ) ကျပ် ၂၂၀ဝ မှ ၂၃၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ်၁၂၀ဝ မှ ၁၈၀ဝ အတွင်၊း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀ဝ မှ ၆၀ဝ၀အတွင်း၊ ဘူးသီး(လုံး)ကျပ် ၁၀ဝ၀ မှ ၃၀ဝ၀အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ) ကျပ် ၁၅၀ဝ မှ ၂၂၀ဝ အတွင်း၊  ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၂၀ဝ၀ မှ ၂၃၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ) ကျပ် ၅၀ဝ၀ မှ ၆၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၃၄၀ဝ မှ ၃၈၀ဝ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ ဆလတ်ရွက်(စည်း) ကျပ် ၂၅၀ မှ ၃၅၀ အတွင်းဖြစ်သည်။ ထို့ပြင် ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၅ မှ ၁၂၀အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ) ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ သံပရာသီး(လုံး) ကျပ် ၅၀ မှ ၂၀ဝအတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ကျပ် ၂၀ဝ၀ မှ ၂၄၀ဝ အတွင်း၊  ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် ၁၅၀ဝ မှ ၇၀ဝ၀ အတွင်း ဖြစ်ကြောင်း သိရှိရသည်။

တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီး အလုံးပေါင်း ၇၉၃၀ဝ ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ) ၂၈၈၅၀ကျော်၊ ဘူးသီးအလုံးပေါင်း ၄၂၁၀ ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း ၁၅၀ ကျော်၊ ဂေါ်ဖီထုပ်ပေါင်း ၄၀၆၅၀ ကျော်၊  ပန်းဂေါ်ဖီ ထုပ်ပေါင်း ၁၈၂၅၀ ကျော်၊ မုန်ညင်းထုပ်(ပိဿာ)ပေါင်း ၁၀၁၀၅ ကျော်၊ ဖရဲသီး(လုံး)ပေါင်း ၇၂၀ဝ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။

မြင့်မြင့်စန်း (ရန်ကုန်)