Main menu

Background

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Tue, 02/28/2023 - 14:24 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကား ဈေးကြီးအတွင်းသို့ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း  ညောင်တုန်း၊  မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊    ကြာကန်စုကျေးရွာ၊ နေပြည်တော်၊တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊   မော်လမြိုင်၊   မန္တလေး၊ အုတ်ဖိုနှင့် ရှမ်း ပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ  အများဆုံး   ဝင်ရောက်ရောင်းချနေ ကြောင်း သိရှိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ် အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၃၀ဝ အတွင်း၊   ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀ဝ မှ ၁၀ဝ၀ အတွင်း၊   အာလူး(ပိဿာ)ကျပ် ၂၃၀ဝ မှ ၂၅၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ)  ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀ဝ၀ မှ ၅၀ဝ၀ အတွင်း၊  ဘူးသီး(လုံး) ကျပ် ၇၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ) ကျပ် ၁၂၀ဝ မှ ၂၂၀ဝ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၁၂၀ဝ မှ ၁၆၀ဝအတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၅၀ဝ၀ မှ ၆၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၆၀ဝ မှ ၃၈၀ဝ အတွင်း၊   ချင်း (ပိဿာ)ကျပ် ၁၅၀ဝမှ ၁၈၀ဝအတွင်း၊ ဆလတ်ရွက် (စည်း) ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက် (စည်း) ကျပ် ၆၅ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၈၀ဝ မှ ၁၈၀ဝ အတွင်း၊ သံပရာသီး (လုံး)ကျပ် ၈၅ မှ ၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ကျပ် ၁၆၀ဝ မှ ၂၀ဝ၀ အတွင်း၊   ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝ မှ ၁၀ဝ၀ဝ အတွင်းဖြစ်ကြောင်း သိရှိရသည်။
တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း   သံပရာသီး   အလုံး ပေါင်း ၁၈၃၃၀ဝ ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၃၃၇၈၀ ကျော်၊ ဘူးသီးအလုံးပေါင်း ၅၄၆၀ ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၆၀ဝ ကျော်၊   ဂေါ်ဖီထုပ် ပေါင်း၃၀၈၀ဝကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း၁၇၅၀ဝ ကျော်၊ မုန်ညင်းထုပ်(ပိဿာ)ပေါင်း ၇၅၀ဝ ကျော်၊ ဖရဲသီးလုံးပေါင်း ၁၃၂၀ဝ ကျော်  အသီးသီး   ကုန် အဝင်ရှိကြောင်း သိရသည်။  

မြင့်မြင့်စန်း
(ရန်ကုန်)