Main menu

Background

စစ်တွေမြို့ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Tue, 02/28/2023 - 14:48 -- journal_editor

 ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေ မြို့ မြို့မဈေး၌ ဆန်ဈေးနှုန်း မြင့်တက်လာပြီး စားဖိုဆောင်သီးနှံ ဈေးနှုန်းများ  အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။ 
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်  ၆၇၀ဝ၀ မှ ၆၈၀ဝ၀၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၄၀ဝ၀ မှ ၅၅၀ဝ၀၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၅၁၀ဝ၀ မှ ၅၂၀ဝ၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ် လျှင် ကျပ်  ၁၇၀ဝ၀ မှ ၁၈၀ဝ၀၊ ကြက်သွန်ဖြူ(ရှမ်း)  ၁၀ ပိဿာ တစ်အိတ်လျှင်ကျပ် ၇၁၀ဝ၀ မှ ၇၂၀ဝ၀၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် ၄၉၀ဝ၀ မှ ၅၀ဝ၀ဝ၊ ချင်း တစ် ပိဿာ ကျပ်  ၂၆၀ဝ မှ ၂၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၁၀ဝ၀ မှ ၁၂၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ်  ၇၀ဝ မှ ၁၀ဝ၀ အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ်  ၁၂၀ဝ မှ  ၁၃၀ဝ အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆိုင်ခန်း ဈေးသည်များနှင့် ပွဲရုံဈေးသည်များထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ တတိယပတ်တွင် ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀ မှ ၇၄၀ဝ၀၊ ဧည့်မထ ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၅၉၀ဝ၀ မှ ၆၁၀ဝ၀၊  ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၃၀ဝ၀ မှ ၅၅၀ဝ၀ အတွင်း စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ်  ၁၆၀ဝ၀ မှ ၁၇၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ် ၆၉၀ဝ၀ မှ ၇၁၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ် ကျပ်  ၄၆၀ဝ၀ မှ ၄၈၀ဝ၀၊ ချင်း တစ်ပိဿာ ကျပ်  ၂၅၀ဝ မှ ၂၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ်  ၈၀ဝ မှ ၁၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ်  ၆၀ဝ မှ ၉၀ဝ အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ်  ၈၀ဝ မှ ၁၀ဝ၀ အတွင်း လက်ကားဈေး တို့ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။ ဒုတိယပတ်ထက် ဆန်ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့ခြင်းမှာ  ပေါ်ဆန်းဆန်များကို ပြည်မသို့ အရောင်းအဝယ်ဖြစ်ပေါ်နေပြီး စားဖိုဆောင်သီးနှံများမှာ  ဈေးနှုန်း အနည်းငယ်  ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သိရသည်။

သတင်း/နည်းပညာဌာနခွဲ၊ စားသုံးသူရေးရာဦးစီးဌာန