Main menu

Background

ပြည်ဈေးကွက်မှာ ပဲမျိုးစုံဈေးမြင့်လာ

Thu, 03/12/2015 - 20:11 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်  မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယ အတွက်အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ် လိုအား ပြန်လိုက်လာတာကြောင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါ က ဈေးမြင့်လာကြောင်းသိရပါတယ်။ မတ်ပဲ (သစ်)တွေ ဈေး ကွက်သို့ ပုံမှန်ဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်ကလည်း  တစ်ပိဿာကို ၁၃၅၀ ကျပ် (တစ်တန်ကို ၈၂၆၇၂၆ ကျပ်)ဈေး ဖြင့် တစ်ရက်ကို အိတ် ၅၀၀ ခန့်  အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးပိုပေးပြီး အဝယ်ရှိသလို ဝယ်လိုအားပါများလာတာကြောင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၄၀ ကျပ် (တစ်တန်ကို ၈၈၁၈၄၁ ကျပ်) ဈေးဖြင့် အရောင်း အဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။